နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် နေပြည်တော် ဖေဖော်ဝါရီ ၁၉

Printer-friendly versionSend by email
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် နေပြည်တော် ဖေဖော်ဝါရီ ၁၉



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဂျိုးဆက်ပ် အန်တိုနီ ကောတာသည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ နိုင်ငံတော်္သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။