ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ညောင်တုန်းမြို့ ကမ်းပါးကာကွယ်ရေး ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ညောင်တုန်း - ဖေဖော်ဝါရီ ၂



အမျိုးသားသဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်၊ ဧရာ ဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်နှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ နှင့်အတူ ယနေ့ ညနေ ၃ နာရီက ဧရာ ဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာ ဝန်ယူဆောင်ရွက်လျက်ရှိသည့် ညောင်တုန်းမြို့ ကမ်းပါး ကာကွယ်ရေးအတွက် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။



ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦး ဝင်းလှိုင်က ညောင်တုန်းမြို့ ကမ်းပါးကာကွယ်ရေးအတွက် နှစ်အလိုက် ရံပုံငွေရရှိမှု အပေါ်မူတည်၍ လုပ်ငန်းများအပိုင်းလိုက် ဆောင်ရွက်ထားရှိမှု၊ နယ်သာလန် နိုင်ငံနှင့် ပူးပေါင်းပြီး ညောင်တုန်းမြို့ ကမ်းပါးကာကွယ်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်က ကမ်းပါး ကာကွယ်ရေး အခြေအနေများနှင့် စပ်လျဉ်းပြီး ဖြည့်စွက်တင်ပြသည်။



တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြန်လည် ဆွေးနွေးရာတွင် ဧရာ ဝတီတိုင်းဒေသကြီးသည် နှစ်စဉ်ရေကြီးရေလျှံမှု သဘာ ဝဘေး ဒဏ်ကို ကြုံတွေ့နေရသည့် ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ရေကြီးရေလျှံမှုဘေးမှ ထိခိုက်မှု လျော့နည်းစေရန် မြစ်ကော၊ ချောင်းကောများ ရှင်းလင်းတူးဖော်ခြင်းလုပ်ငန်းကို ဘဏ္ဍာရန်ပုံငွေသတ်မှတ်၍ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဧရာ ဝတီတိုင်း ဒေသကြီးတွင် ၂ ဝ၁၆ ခုနှစ်က ရေကြီးရေလျှံမှုဖြစ်ပွားချိန်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် မိမိရောက်ရှိခဲ့ပါကြောင်း၊ ယင်းနောက်ပိုင်း ကြိုတင် ကာကွယ်ရေးလုပ်ငန်းအား အလေးထားဆောင်ရွက်ခဲ့မှု ရလဒ်ကြောင့် ၂ ဝ၁၈ ခုနှစ်တွင် ထိခိုက် ဆုံးရှုံးမှု လျော့နည်းသက်သာခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ညောင်တုန်းမြို့ မြစ်ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းသည်လည်း သဘာ ဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်း တစ်ခုဖြစ်၍ ရရှိသည့်ဘဏ္ဍာရန်ပုံငွေပေါ်မူတည်ပြီး အရေးကြီးလိုအပ်သည့် နေရာ များကို ဦးစားပေး ဆောင်ရွက်သွားရန် မှာကြားသည်။



ထို့နောက် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် ညောင်တုန်းမြို့ ကမ်းနားတစ်လျှောက် ကမ်းပါးကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။



ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်တုန်းမြို့ ကမ်းပါးကာကွယ်ရေးအတွက် နှစ်အလိုက် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂ ဝ၁၇ - ၂ ဝ၁၈ ဘဏ္ဍာနှစ်တွင် ညောင်တုန်းမြို့ ၂၁ လမ်းထိပ် ကမ်းထိန်းလုပ်ငန်း အလျားပေ ၂၅ ဝ အရှည် ဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံ လုပ်ငန်း၊ ညောင်တုန်း မြို့ ၂၄ လမ်းမှ ၂၇ လမ်းအထိ ကမ်းထိန်းလုပ်ငန်း အလျား ပေ ၃၃ ဝ အရှည် ဘိုးပိုင် အခြေပြုကျောက်စီမြေထိန်းနံရံလုပ်ငန်း၊ ညောင်တုန်းမြို့ ၁၉ လမ်းထိပ် ကမ်းထိန်း လုပ်ငန်း အလျား ပေ ၃၂ ဝ အရှည် ဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံ လုပ်ငန်း၊ ညောင်တုန်းမြို့ ၇ လမ်းမှ ၈ လမ်း ရေလမ်းကောင်းမွန်ရေးလုပ်ငန်း အလျားပေ ၁၃ ဝ ဝ အရှည်အခြေထိန်းနှစ်တန်းသွား အုန်းတိုင်စိုက် ရေကာလုပ်ငန်း ၊ ၂ ဝ၁၈ ဘဏ္ဍာ နှစ် ပထမ ၆ လကာလတွင် ညောင်တုန်းမြို့ အ ဝင်ရေလမ်း ကောင်းမွန်ရေးလုပ်ငန်း အ လျား ပေ ၈ ဝ ဝ အရှည် အခြေထိန်းနှစ်တန်းသွားအုန်းတိုင်စိုက်ရေကာလုပ်ငန်း ၊ ၂ ဝ၁၈ -၂ ဝ၁၉ ဘဏ္ဍာနှစ်တွင် ညောင်တုန်းမြို့ ၃၁ လမ်းထိပ်ကမ်းထိန်းလုပ်ငန်း အလျား ပေ ၁၂ ဝ အရှည် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံလုပ်ငန်း ၊ ညောင်တုန်း မြို့အ ဝင် ရေလမ်းကောင်းမွန်ရေးလုပ်ငန်း ၃၄၂ ပေ အုန်းတိုင်စိုက် ရေကာ လုပ်ငန်းနှင့် အလျား ၂၇၆ ပေ အရှည် အုန်းတိုင် ရေကာဟောင်းနှစ်ခု အားဖြည့် ဆောင်ရွက်ခြင်းလုပ်ငန်း ၊ ညောင်တုန်းမြို့ ၄ ရပ်ကွက် တိုးချဲ့နယ်မြေအရေးပေါ် ကာကွယ်ရေးလုပ်ငန်း အလျား ၂၉၄ ပေ အရှည် အုန်းတိုင်အခြေပြုကမ်းထိန်းလုပ်ငန်း၊ Floating Unit ပေ ၁၅ ဝ ဝ အရှည်နှင့် Steel Cable Groyne ပေ ၁ ဝ ဝ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။



ညောင်တုန်းမြို့ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ရန် စုစုပေါင်း အလျားပေ ၆၂၅ ဝ ရှိပြီး လုပ်ငန်းဆောင်ရွက်ပြီး အလျား ၁၅၇၅ ပေ ရှိကာ လုပ်ငန်းဆောင်ရွက်ရန် ကျန်အလျား ၄၆၇၅ ပေ ရှိကြောင်း သိရသည်။