နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

Printer-friendly versionSend by email





နေပြည်တော် နိုဝင်ဘာ ၂၃



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ကျင်းပသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။



အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။



ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် နိုင်ငံတော်သမ္မတ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။



ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားသည်။



(နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)



အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၊ ကောင်စီဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။