ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ China International Trust and Investment Corporation Group ၏ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email



နေပြည်တော် နိုဝင်ဘာ ၉

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် China International Trust and Investment Corporation Group ၏ဥက္ကဋ္ဌ Mr. Chang Zhenming ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီပူးတွဲ ဥက္ကဋ္ဌဒေါက်တာစိုးဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ကြသည်။