နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို မိသားစု ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သို့ လာရောက်ဆန္ဒမဲပေး

Printer-friendly versionSend by email





ရန်ကုန်- နိုဝင်ဘာ ၃



၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီမှစတင်၍ တစ်နိုင်ငံလုံးရှိ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် သက်ဆိုင်ရာ လစ်လပ်မဲဆန္ဒနယ်အသီးသီးသို့ လာရောက် ဆန္ဒမဲပေးကြပါသည်။



နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို မိသားစုတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၏ ကျားကွက်သစ်ရပ်ကွက်အမှတ်(၃) မဲရုံသို့ လာရောက် ဆန္ဒမဲပေးကြပါသည်။