နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဗင်နီဇွဲလားဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဗင်နီဇွဲလားဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

နေပြည်တော်၊ အောက်တိုဘာလ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနို်င်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ မြန်မာနိုင်ငံဆိုင်ရာ ဗင်နီဇွဲလားဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဟိုလ်ဟေ ရွမ်ဒမ် ဥဇ်ကတယ်ဂီ သည် ယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် တို့ တက်ရောက် ကြသည်။