နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို ပုသိမ်တံတားအမှတ်(၂) ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင် စိုက်ထူခြင်း မင်္ဂလာ အခမ်းအနားသို့ တက်ရောက်

Printer-friendly versionSend by email

 

နေပြည်တော် အောက်တိုဘာ ၂၇

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးကျော်မျိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူး လေယာဉ်ဖြင့် ထွက်ခွာရာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့အား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှ မိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးသိန်းရွှေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ပုသိမ် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပုသိမ်တံတားအမှတ်(၂) ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင် စိုက်ထူခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်ရန် အခမ်းအနား ကျင်းပမည့်နေရာသို့ မော်တော်ယာဉ်များဖြင့် သွားရောက်ကြရာ လမ်း ဘေးဝဲယာတစ်လျှောက်၌ ဒေသခံပြည်သူများနှင့်ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြ သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပုသိမ်တံတားအမှတ်(၂) ပန္နက် တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင် စိုက်ထူခြင်း မင်္ဂလာအခမ်းအနားသို့ တက် ရောက်သည်။

မင်္ဂလာအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်္၊ ဦးအုန်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေ သကြီးလွှတ်တော် ဥက္ကဋ္ဌတို့က သတ်မှတ်နေရာများတွင် ပန္နက်တော်များတင်ပေးကြပြီး တွင်းတော်ဝန်းပေးကြကာ မွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက အမှတ်(၁)ပန္နက်တော် ရတနာပိုင်တိုင် (Stand Pipe)ကို စက်ခလုတ်နှိပ် ပန္နက်တော်တင်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်း ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတအား တံတားတည်ဆောက်ရေးရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပုသိမ်တံတားအမှတ်(၂) တည်ဆောက်မည့် တည်နေရာ၊ ရည်ရွယ်ချက်၊ တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ တည်ဆောက်ရေး ဧရိယာအတွင်းရောက်ရှိနေသည့် နေအိမ်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှု၊ ၂နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ တံတားစီမံကိန်းဆိုင်ရာအချက် အလက်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တံတားများတည်ဆောက်ထားမှုအခြေ အနေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း သကံတံတားနှင့် စက်ဆန်းတံတား တည်ဆောက်ဖွင့်လှစ်ပြီးစီးခဲ့သည့် အခြေအနေ၊ မကြာမီဖွင့်လှစ်မည့် ရွှေသောင်ယံ (မကျီးချောင်း)တံတားနှင့် ငဝန်(လေးမျက်နှာ)တံတားပြီးစီးခဲ့မှု၊ မြောင်းမြတံတား၊ စော်ကဲတံတားနှင့် ကျွန်းပြဿဒ်တံတားတို့ တည်ဆောက်နေမှုအခြေအနေ၊ ယခု ဘဏ္ဍာနှစ်အတွင်း မူလကြိုးတံတားများဖြစ်သည့် ရွှေလောင်းတံတား၊ ဝါးခယ်မ တံတား ၊ကျွန်းကုန်းတံတားနှင့် လပွတ္တာ(ပင်လယ်လေး)တံတားတို့အား အဆင့်မြှင့်တင် တည် ဆောက်မည့် အစီအစဉ်များနှင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာလျာထားသည့် သက္ကယ်သောင်မြစ်ကူးတံတားနှင့် ကျိုက်လတ်မြစ်ကူး တံတားအခြေအနေတို့နှင့် ငရုတ်ကောင်း- ငွေဆောင်- ချောင်းသာ- ရွှေသောင်ယံ-ကျောက်ချွန်- ဂွလမ်းပေါ်တွင် ဆက်လက်တည်ဆောက်သွားမည့် တံတားများနှင့် စပ်လျဉ်း၍ ရှင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက တံတားတည်ဆောက် ရာတွင် နိုင်ငံတော်မှ ကုန်ကျမည့် ဘဏ္ဍာငွေနှင့်ညီမျှသည့် အရည်အသွေးကောင်း မွန်မှုရှိရန်လိုကြောင်း၊ ဘဏ္ဍာငွေအလေအလွှင့် မရှိစေရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများက ဝိုင်းဝန်းကြတ်မတ်ပေးကြစေလိုကြောင်း၊ တံတားတည်ဆောက်ရေးကာလအတွင်း ရေကြောင်းသွားလာမှု အဆင်ပြေစေရေး အတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခုတံတားတည်ဆောက်ပြီးစီးပါက ပုသိမ်မြို့အနောက်ဘက်အခြမ်းဒေသမှ ပြည်သူများ လူမှုစီးပွားဘ၀မြင့်မားလာမည် ဖြစ်ပါကြောင်း၊ စီမံကိန်းပါ တံတားများတည်ဆောက်ပြီးစီးပါက ပုသိမ်မြို့သည် တိုင်းမြို့အင်္ဂါရပ်ဖြင့် ညီညွတ်လာမည်ဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ရေးဧရိယာ အတွင်းကျရောက်သည့် အဆောက်အဦများ ဖယ်ရှားရာတွင် လွှတ်တော်ကိုယ်စားလှယ် များနှင့် ရပ်မိ၊ရပ်ဖများက ပြည်သူများအား နားလည်အောင်ရှင်းပြပေးကြစေလိုကြောင်း၊ ငရုတ်ကောင်း- ငွေဆောင်- ချောင်းသာ- ရွှေသောင်ယံ-ကျောက်ချွန်- ဂွလမ်းကောင်း မွန်ပါက ကမ္ဘာလှည့်ခရီးသွားများ လာရောက်နိုင်မည်ဖြစ်ပါကြောင်း၊ တင်ပြခဲ့သည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြစေလို ကြောင်းမှာကြားသည်။

အဆိုပါ ပုသိမ်တံတားအမှတ်(၂) တံတားအမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ပြီး တံတားအရှည်မှာ ၂၃၁၈ ပေရှိ ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် တံတားတည်ဆောက်မည့် အနောက်ဘက်ကမ်း ပုသိမ်မြို့စိန်ကုန်းဘက်ကမ်း အမှတ်(၉)နှင့်(၁၀)ရပ်ကွက်တို့ရှိ ပြည်သူများ နှင့်တွေ့ဆုံပြီး အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိ ကာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံနှုတ်ဆက်၍ ကျောင်းအုပ် ဆရာမကြီးတင်ပြသည့် ကျောင်းနှင့်ပတ်သက်သည့်လိုအပ်ချက်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ကျောင်းဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပုသိမ်မြို့ရွှေမုဋ္ဌောမဟာစေတီ တော်မြတ်ကြီးသို့ ရောက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ရေချမ်း၊ ဆီမီးဆက်ကပ်ပြီး စေတီတော်၏လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် အလှူငွေကျပ် သိ်န်း(၃၀)ကိုပေးအပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်သမ္မတက စေတီတော်ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။