“တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း” (သတင်းထုတ်ပြန်ချက်အမှတ်၊ ၁၉ /၂၀၁၈)

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ်၊ ၁၉ /၂၀၁၈

၁၃၈၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက်

(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ  ၁၅ ရက်)

“တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း”

၁။           မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးအန္တရာယ် တားဆီးကာကွယ် နှိမ်နင်းရေး အတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံ ရယူနိုင်ရန် “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” ကို ဤရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။      “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန”သို့ ၂၀၁၈ခုနှစ်၊အောက်တိုဘာလ(၁၃) ရက်နေ့အထိ ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါးသတင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက အောက်ပါအတိုင်း ထပ်မံဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်-

စဉ်

သတင်းလက်ခံရရှိမှု

ဖော်ထုတ်ဖမ်းဆီးအရေးယူမှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗိုလ် ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းနေ စံထွေးအောင်သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၁၁-၁၀-၂၀၁၈ ရက်နေ့တွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၅၅-ခ)နေ စံထွေးအောင် (၃၄)နှစ်၊ (ဘ) ဦးအုန်းသီး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားဆေးခြောက်များနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ (ဒေါပုံ)မယ(ပ)၄၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗိုလ် ထွန်းဇံရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း၊ အမှတ် (၆၂/ခ)နေ မနိုးနိုးနှင့် (၆၁/ခ)နေ ကိုကရင် တို့သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချ နေကြောင်း သတင်းပေးပို့ခြင်း။

၉-၁၀-၂၀၁၈ ရက်နေ့တွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်း၊ အမှတ်(၆၂/ခ)နေ ကိုထွန်းထွန်းနိုင် (၂၇)နှစ်၊ (ဘ)ဦးသန်းဌေးနှင့် ဇနီး မနုယဉ်ဌေး (ခ)နိုးနိုး (ခ)အာနိုး (၂၅)နှစ်၊ (ဘ)ဦးကံမြင့်တို့၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းတို့(၂)ဦးနှင့်အတူ နေအိမ်သို့ရောက်ရှိနေသော ဇင်မျိုးကျော် (၂၀)နှစ်၊ (ဘ)ဦးကျော်ထွေးပါ (၃)ဦးအား နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြားများ နှင့် အတူ ဖမ်းဆီးရမိပြီး စိစစ်ရာ တစ်ရပ်ကွက်တည်း အမှတ်(၆၁/ခ)နေ အောင်မြိုင် (ခ)ကရင် (၅၀)နှစ်၊ (ဘ) ဦးချစ်ခထံမှ ဝယ်ယူရရှိကြောင်း သိရှိရသဖြင့် အောင်မြိုင် (ခ)ကရင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား ဖမ်းဆီး ရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်ပစ္စည်း တစ်စုံ တစ်ရာ မတွေ့ရှိခဲ့သော်လည်း ၎င်းတို့(၆)ဦးအား မမစ(ဒေါပုံ) မယ(ပ) ၄၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ လယ်ရင်းတဲကျေးရွာနေ ထွန်းနိုင်မြင့် သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၇-၁၀-၂၀၁၈ ရက်နေ့တွင် ကောလင်းမြို့နယ်၊ လယ်ရင်းတဲ ကျေးရွာနေ ထွန်းနိုင်မြင့် (ခ)မျောက်ချေး (၃၅)နှစ်၊ (ဘ) ဦးမောင်မြင့်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့် အတူ ဇနီးဖြစ်သူ မနီလာထွန်း (၃၁)နှစ်၊ (ဘ)ဦးထွန်းလင်း တို့အား ဘိန်းဖြူများ၊ ဓားဦးချွန်(၁)ချောင်းတို့နှင့် အတူ ဖမ်းဆီးရမိသဖြင့် မမစ(ကောလင်း) မယ(ပ)၈၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁/၂၂(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိ ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစု မြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ကိုအာကာ သည် မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချနေ ကြောင်း သတင်းပေးပို့ခြင်း။

၁၁-၁၀-၂၀၁၈ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ ပျဉ်းမမြိုင် (၁)လမ်းနေ အာကာ (ခ)အာကာမိုး (၃၂)နှစ်၊ (ဘ)ဦးအောင်သန်းစိန်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းအား WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးရမိသဖြင့် မမစ(ကျွန်းစု) မယ(ပ)၁၈/၂၀၁၈၊မူး/ စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကျောက်ကုန်းကျေးရွာတွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်း ပေးပို့ခြင်း။

၈-၁၀-၂၀၁၈ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကျောက်ကုန်း ကျေးရွာနေ မျိုးလွင်(၃၁)နှစ်၊ (ဘ)ဦးရွှေသိုင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တစ်ရွာတည်းနေ မိုးဝင်း (၂၆)နှစ်၊ (ဘ)ဦးအိုးခွေးပါ(၆)ဦးတို့အား WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် ၎င်းတို့(၇) ဦးအား နမစ(ကံမော်) မယ(ပ)၃၅/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့၊ သတလ (၃)ရပ်ကွက်နေ မအေးအေးဖြူသည် မူးယစ် ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၁၀-၁၀-၂၀၁၈ရက်နေ့တွင် နမ္မတူမြို့၊ သတလ(၃)ရပ်ကွက်နေ မအေးအေးကြူ (ခ)အေးအေးဖြူ (၃၀)နှစ်၊ (ဘ)ဦးလူမော်၏ နေအိမ်စျေးဆိုင်အား ဝင်ရောက်ရှာဖွေရာ ၎င်း၏ခန္ဓာကိုယ်မှ 88/1 စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ သဖြင့် မမစ(နမ္မတူ) မယ(ပ) ၁၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ နမ္မတူမြို့၊ ပန်ဟိုက်(၇)ရပ်ကွက်နေ ဒေါ်ရိုးမား(ခ)ကုလားမ (၅၃)နှစ်၊ (ဘ)ဦးကူနီးမား၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ ခင်ပွန်းဖြစ်သူ ကျော်ကောင်း(ခ) ကျော်ကောင်းမြင့် (၄၆)နှစ်၊ (ဘ)ဦးအောင်မြင့်တို့အား နေအိမ် အတွင်းမှ 88/1 စာတန်းပါ စိတ်ကြွဆေးပြားများ၊ ဘိန်းဖြူများ၊ ICE တို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ (နမ္မတူ) မယ(ပ)၁၃/၂၀၁၈၊ မူး/ စိတ်ပုဒ်မ ၁၉(က)/၂၀ (က)/ ၂၁ ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားရှိ ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ လယ်မှီးကျေးရွာနေ ကိုကျော်သင်းသည် မူးယစ် ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၁၁-၁၀-၂၀၁၈ ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ လယ်မှီး ကျေးရွာနေ ကျော်သင်း(၄၅)နှစ်၊ (ဘ)ဦးစံရွှေ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား ဘိန်းဖြူများ နှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ထီးချိုင့်) မယ(ပ)၃၉/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့် အရေးယူထားရှိ ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်ခြေထောက်မြို့၊ ပေါက်ကုန်းရွာနေ မင်းအောင် (ခ)ကိုဇီးကွက် နှင့် ကံကလေးကျေးရွာနေ မောင်ဂျက်ကီချမ်း တို့သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးသုံးစွဲ ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၇-၁၀-၂၀၁၈ ရက်နေ့တွင် ညောင်ခြေထောက်မြို့၊ ပေါက်ကုန်း ကျေးရွာနေ မင်းအောင်(ခ)ဇီးကွက်(၃၄)နှစ်၊ (ဘ)ဦးတင်လှ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဂျက်ကီချမ်း (၂၇)နှစ်၊ (ဘ)ဦးဝင်းဦး၊ ကံကလေးကျေးရွာနေသူတို့အား WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရ မိသဖြင့် နမစ(ညောင်ခြေထောက်) မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ထားရှိပါသည်။

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်နေ ကိုနေနိုင်သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၈-၁၀-၂၀၁၈ ရက်နေ့တွင် မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ မင်းစည်းစိမ် လ္ဘက်ရည်ဆိုင်အတွင်း စောင့်ဆိုင်းစိစစ်နေစဉ် မြို့မ(၁)ရပ်ကွက်၊ မြမာလာလမ်း၊ အမှတ်(၂၀၈)နေ နေနိုင်(ခ)နေနိုင်အောင် (၃၄)နှစ်၊ (ဘ)ဦးလှမြင့်အား WY စာတန်းပါ စိတ်ကြွဆေးပြား များနှင့်အတူ ဖမ်းဆီးရမိပြီး စိစစ်ရာ မြို့မ(၄)ရပ်ကွက်နေ အောင်သူထက် (ခ)သားကြီး(၂၆)နှစ်၊ (ဘ)ဦးမောင်မြင့် နှင့် ထက်ယံဦး(ခ)ဥ(၁၉)နှစ်၊ (ဘ)ဦးသန်းဖေတို့ထံမှ ဝယ်ယူ ရရှိသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့(၂)ဦး အား ဖမ်းဆီးပြီး နေအိမ်တို့အား ဆက်လက်ဝင်ရောက် ရှာဖွေရာ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်ပစ္စည်း တစ်စုံ တစ်ရာ မတွေ့ရှိခဲ့သော်လည်း ၎င်းတို့(၃)ဦးအား မမစ(မုဒုံ) မယ(ပ)၁၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ်၊ ဆင်နိုင်းကျေးရွာနေ ဦးအောင်အောင်၊ ဦးလွင်ညို တို့သည် မူးယစ်ဆေးဝါးများ သုံးစွဲ/ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေး ပို့ခြင်း။

 

၁၃-၁၀-၂၀၁၈ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ ဆင်နိုင်း ကျေးရွာနေ အောင်အောင်(၃၁)နှစ်၊ (ဘ)ဦးဖိုးအဲ၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တစ်ရွာ တည်းနေ ထွန်းဝေ (၂၂)နှစ်၊ (ဘ)ဦးထွန်းရွှေတို့အား ဘိန်းမဲများနှင့် အတူ ဖမ်းဆီးရမိသဖြင့် နမစ(ထမံသီ)မယ(ပ) ၂၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် လည်းကောင်း၊ အလားတူ ဆင်နိုင်းကျေးရွာနေ လွင်ညို (၃၃)နှစ်၊ (ဘ)ဦးသန်းညို၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား ဘိန်းမဲများနှင့် အတူ ဖမ်းဆီးရမိသဖြင့် နမစ (ထမံသီ) မယ(ပ)၂၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူ ထားရှိပါသည်။

၁၁

ရှမ်းပြည်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ ငွေအိုး အုပ်စု၊ ဥယျာဉ်ပုကျေးရွာတွင် မူးယစ်ဆေးဝါး များ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေး ပို့ခြင်း။

၆-၁၀-၂၀၁၈ ရက်နေ့တွင် မဘိမ်းမြို့နယ်၊ ဥယျာဉ်ပုကျေး ရွာအတွင်း စုံစမ်းစိစစ်စဉ် ရွာလမ်းမဘေး လူမနေသည့် တဲအတွင်း ဝင်ရောက်ရှာဖွေရာ အောင်သူ (ခ)လှိုင်ဖြိုးအောင် (၃၄)နှစ်၊ (ဘ)ဦးအောင်ညွန့်၊ လော်ကဆင်ကျေးရွာ၊ ကသာ မြို့နယ်နေသူနှင့် မြင့်စိုးဦး (၃၅)နှစ်၊ (ဘ)ဦးအောင်ဝင်း၊ နွယ်နီကျေးရွာ၊ ကသာမြို့နယ်နေသူတို့(၂)ဦးအား ဘိန်းဖြူ များနှင့်တူ ဖမ်းဆီးရမိသဖြင့် မမစ(မဘိမ်း) မယ(ပ) ၁၀၇/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထား ရှိ ပါသည်။

၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၃) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ တိုက်အမှတ် (၅)၊ အခန်း(၁၂)နေ မောင်ပြည်ကျော် (ဘ) ဦးခင်မောင်လွင်သည် မူးယစ်ဆေးဝါးများ သုံးစွဲ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်း ပေးပို့ခြင်း။

၇-၁၀-၂၀၁၈ ရက်နေ့တွင် လှိုင်မြို့နယ်၊ (၃)ရပ်ကွက်၊ ဘုရင့် နောင်လမ်း၊ တိုက်အမှတ်(၅)၊ အခန်း(၁၂)နေ ပြည်ကျော် (၃၀)နှစ်၊ (ဘ)ဦးကျော်စိန်(ခ) ခင်မောင်လွင်၏ နေအိမ် အခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇနီးဖြစ်သူ မဆုသစ္စာဦး (၂၅)နှစ်၊ (ဘ)ဦးလှထူးတို့အား WY စာတန်းပါ စိတ်ကြွဆေးပြားများ၊ ဆေးခြောက်များတို့နှင့်အတူ ဖမ်းဆီး ရမိသဖြင့် နမစ(ပိတောက်ချောင်း) မယ(ပ)၉/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားရှိ ပါသည်။

၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့် မြို့နယ်၊ မြတောင်ရွာ၊ အမှတ်(၅)ရပ်ကွက်နေ ကိုမောင်မြင့်သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၁၀-၁၀-၂၀၁၈ ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာ၊ အမှတ်(၅)ရပ်ကွက်နေ မောင်မြင့် (၄၇)နှစ်၊ (ဘ)ဦးမြထူး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား ဘိန်းဖြူများ၊၊ WY စာတန်းပါ စိတ်ကြွဆေးပြားများတို့နှင့်အတူ ဖမ်းဆီးရမိ သဖြင့် မမစ(ထီးချိုင့်) မယ(ပ) ၃၈/၂၀၁၈၊ မူး/ စိတ်ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ သီရိမြိုင်ကျေးရွာနေ မောင်မျိုးသည် မူးယစ် ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၁၂-၁၀-၂၀၁၈ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ သီရိမြိုင် ကျေးရွာနေ မောင်မျိုး (ခ)မျိုးလွင် (၄၇)နှစ်၊ (ဘ)ဦးကံလှ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ (ဘုတ်ပြင်း) မယ(ပ)၃၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၀(က) ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါး ကျေးရွာအုပ်စု၊ ဆယ်ဇင်းရွာနေ ကိုအောင်နိုင် သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချ နေကြောင်း သတင်းပေးပို့ခြင်း။

၆-၁၀-၂၀၁၈ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆယ်ဇင်း ကျေးရွာ၊ ရပ်ကွက်(၅)နေ ဦးအောင်နိုင် (ခ)အောင်လှိုင် (၆၀)နှစ်၊ (ဘ)ဦးရေပေါ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား 88/1 စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် နမစ(ဆယ်ဇင်း) မယ(ပ)၁၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ၊ အမှတ် (၅)ရပ်ကွက်နေ ကိုဖိုးသက်သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၁၁-၁၀-၂၀၁၈ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ ဇရပ်ကွင်း ကျေးရွာ(တောင်ပိုင်း)၊ (၅)ရပ်ကွက်၊ သံလမ်း၊ အမှတ်(၅/၂၈) နေ သက်ဝေကျော် (ခ)ဖိုးသက် (၃၄)နှစ်၊ (ဘ)ဦးကျော်ရှင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား WY စာတန်းပါ စိတ်ကြွဆေးပြားများ၊ ဆေးခြောက်များ၊ ဓား(၂)ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(လှည်းကူး) မယ(ပ) ၂၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၂(ခ) ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားကျိုး ကျေးရွာမှ ဒေါ်နန်းချို၊ ဒေါ်နန်းမိုးတို့သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၁၂-၁၀-၂၀၁၈ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ တံတားကျိုး ကျေးရွာနေ ဒေါ်နန်းချို (၄၅)နှစ်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ နေအိမ်၌ လူတစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိ သော်လည်း နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွ ဆေးပြားများအား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ၎င်းအား မမစ (ကော့ကရိတ်)မယ(ပ)၂၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း၊ အလားတူ ၎င်းကျေးရွာနေ ဒေါ်နန်းမိုး (၄၃) နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိခြင်း မရှိဘဲ သားမက်ဖြစ်သူ ဘိုဘိုငြိမ်း(၂၃)နှစ်၊ (ဘ)ဦးထွေးနိုင် အား WY စာတန်းပါစိတ်ကြွဆေးပြားများ၊  MA-3 သေနတ်(၁)လက်၊ ၅.၅၆ ကျည်(၁၅)တောင့်၊ ကျည်အိမ်(၁)ခု တို့နှင့်အတူ သိမ်းဆည်းရမိသဖြင့် မမစ (ကော့ကရိတ်)မယ (ပ)၃၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၁၊ မမစ (ကော့ကရိတ်)(ပ)၃၉၂/၂၀၁၈၊ လက်နက် ဥပဒေပုဒ်မ၁၉(စ) တို့ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူ ထားရှိပါသည်။

 

၃။      တိုင်ကြားလာသော သတင်းများအနက် အထက်ဖော်ပြပါ ယခုသီတင်းပတ်အတွင်း ဖော်ထုတ်ဖမ်းဆီး ရမိမှုအပါအဝင် ၁၃-၁၀-၂၀၁၈ ရက်နေ့အထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း(၃၃၆)မှုဖွင့်လှစ် အရေးယူခဲ့ပြီး တရားခံကျား(၄၄၉)ဦး၊ မ(၈၈)ဦး၊ ပေါင်း(၅၃၇)ဦးဖမ်းဆီးရမိခဲ့၍ ဘိန်းဖြူ(၄၈၇၄.၇၅)ဂရမ်၊ ICE(၂၂.၀၁)ဂရမ်၊ ဘိန်း(၃၇၆၀၃.၀၁)ဂရမ်၊ အဆင့်နိမ့်ဘိန်း(၃၂၉)ဂရမ်၊ ဘိန်းစာမှုန့်(၅၈၀၂)ဂရမ်၊ ဘိန်းစာရွက် (၃၉၇၃.၉၉) ဂရမ်၊ စိတ်ကြွဆေးပြား(၁၅၇၄၀၆)ပြား၊ ဆေး​ခြောက်(၃၃၉၃.၇၈)ဂရမ်၊ ဘိန်းရည်(၀.၁)လီတာ၊ ဘိန်းဆီခဲ(၂၁၇.၄) ဂရမ်၊ ဘိန်းစေ့(၆၀)ဂရမ်၊ စိတ်ကြွဆေးပြားအကြေမှုန့်(၁.၆၅)ဂရမ်၊ သေနတ်မျိုးစုံ(၁၁)လက်၊ ကျည်မျိုးစုံ (၁၉၄)တောင့်၊ လက်ပစ်ဗုံး(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးသတင်းများနှင့် ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးအရေးယူမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ထပ်မံဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်မှု အခြေအနေအား ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

၄။      မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားပေးပို့သော သတင်းများကို စိစစ်ဖော်ထုတ် အရေးယူခဲ့သည့်အပြင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သီးခြားရရှိသော မူးယစ်ဆေးဝါးသတင်းများအပေါ် စိစစ်ဖော်ထုတ်ခြင်း၊ နယ်စပ်ပူးပေါင်းစစ်ဆေးဂိတ်များတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ နယ်မြေရှင်းလင်းခြင်း၊ သတင်းအရမော်တော်ယာဉ်/ဆိုင်ကယ်များကို ရှာဖွေစစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ ယခုတစ်ပတ်အတွင်း နယ်စပ်ဒေသများဖြစ်သော ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ၊ ရပ်ကွက်(၄)၌ တရားခံ အမျိုးသား(၁)ဦးအား စိတ်ကြွဆေးပြား(၂၅၈၀၀)ပြား၊ ဘိန်းဖြူ(၃၄၀)ဂရမ်၊ ဆိုင်ကယ်(၁)စီး၊ ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာ၊ ယူကလစ်တောအနီး၌ တရားခံအမျိုးသား(၁)ဦးအား စိတ်ကြွဆေးပြား(၃၉၀၀)ပြား၊ ဆိုင်ကယ် (၁)စီး၊ မူဆယ်မြို့နယ်၊ ဝိန်းနန်းကျေးရွာ၌ တရားခံအမျိုးသား(၁)ဦးထံမှ စိတ်ကြွဆေးပြား(၄၇၅၀)ပြား၊ ဘိန်းဖြူ(၅၅)ဂရမ်၊ နောင်ချိုမြို့နယ်၊ ပါဟတ်ရပ်ကွက်၌ တရားခံအမျိုးသား(၂)ဦးထံမှ စိတ်ကြွဆေးပြား (၁၁၈၀၀)ပြား၊Caldina ယာဉ်(၁)စီး၊လွိုင်လင်မြို့နယ်၊ လွိုင်လင်- တောင်ကြီးကားလမ်း၊ ဟိုတင့်ကျေးရွာအနီး၌ Super Customယာဉ်အား ရှာဖွေစစ်ဆေးစဉ် တရားခံအမျိုးသား(၁)ဦးနှင့် တရားခံအမျိုးသမီး(၁)ဦး၊ ပေါင်း(၂)ဦးတို့ထံမှ စိတ်ကြွဆေးပြား(၁၀၀၀၀၀)ပြား၊ ဘိန်းစိမ်း(၁၅၀၀)ဂရမ်၊ မော်တော်ယာဉ်(၁)စီး၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံ၌ Toyota Vigo ယာဉ်အား စစ်ဆေးရန်တားဆီးစဉ် မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ယာဉ်အားရပ်တန့်၍ တရားခံများထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား(၂၄၂၀၀၀)ပြား၊ မော်တော်ယာဉ်(၁)စီး၊ ယန်းခေါင်းကျေးရွာအနီး၊ ယန်းခေါင်း- စန်းလုရွာသွားကားလမ်း၌ တရားခံအမျိုးသား(၂)ဦးထံမှ ဘိန်းဖြူ(၁၈၀၀၀)ဂရမ်၊ ဆိုင်ကယ်(၂)စီး၊ မိုင်းဆတ် ဘက်မှ တာချီလိတ်ဘက်သို့လာသော ဟွေရဲမြို့ရှောင်လမ်း၌ တားဆီးစိစစ်စဉ် ဆိုင်ကယ်လှဲချကာ တရားခံ ထွက်ပြေး လွတ်မြောက်သွားပြီး ကျန်ရှိခဲ့သည့်ဆိုင်ကယ်ပေါ်မှ စိတ်ကြွဆေးပြား(၂၈၀၀၀)ပြား၊ ဆိုင်ကယ်(၁)စီး အား လည်းကောင်း၊ ရခိုင်ပြည်နယ်၊စစ်တွေမြို့၌ သတင်းအရဖမ်းဆီးရမိမှု ဖြစ်စဉ်(၄)ခုရှိခဲ့ပြီး တရားခံ အမျိုးသား(၅)ဦးထံမှ စိတ်ကြွဆေးပြား(၂၆၂)ပြား၊ စိတ်ကြွဆေးပြားအကြေမှုန့်(၁)ဂရမ်၊ မောင်တော မြို့နယ် အတွင်း နယ်မြေရှင်းလင်းစဉ် မြို့ဦးကျေးရွာအုပ်စု၊ လက်သာကျေးရွာ၌ လူနေထိုင်မှုမရှိသော နေအိမ်တစ်ခု အတွင်းမှ စိတ်ကြွဆေးပြား(၁၁၇၀၀၀၀)ပြား၊ ကျွန်းတောင်ရွာသစ်အနီးရှိ လယ်ကွင်းအတွင်း ဖြတ်သန်း လမ်းလျှောက်သယ်ဆောင်လာသည့် တရားခံအမျိုးသား(၃)ဦးထံမှ စိတ်ကြွဆေးပြား(၅၈၁၈၅)ပြား၊ သတင်းအရ မောင်နီကျေးရွာ၌ စိစစ်ဖော်ထုတ်ရာ တရားခံအမျိုးသား(၂)ဦးထံမှ စိတ်ကြွဆေးပြား (၆၆၈)ပြားအား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့မ(၂)ရပ်ကွက်၌ တရားခံ အမျိုးသား(၂)ဦးထံမှ စိတ်ကြွဆေးပြား(၆၆၄၀၀)ပြား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ဝဲကြီး ကျေးရွာ၌ တရားခံအမျိုးသား(၃)ဦးထံမှ စိတ်ကြွဆေးပြား(၁၁၇၅၈)ပြား၊ ဘိန်းဖြူ(၅၀.၀၂)ဂရမ်၊ မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ အိုရီယမ်တယ်တိုးဂိတ်၌ Nissan AD Van ယာဉ်အား စစ်ဆေးစဉ် တရားခံအမျိုးသား(၁)ဦးအား စိတ်ကြွဆေးပြား(၅၈၉၀)ပြား၊ ဘိန်းဖြူ(၁၅၆)ဂရမ်၊ မော်တော်ယာဉ် (၁)စီး၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၌ တရားခံအမျိုးသမီး(၂)ဦးထံမှ စိတ်ကြွဆေးပြား (၂၄၂၆)ပြား၊ ဘိန်းဖြူ(၄.၂၃)ဂရမ်၊ မြစ်သားမြို့နယ်၊ သိုတန်ကျေးရွာ၌ တရားခံအမျိုးသမီး(၁)ဦးထံမှ စိတ်ကြွ ဆေးပြား(၄၀၀၀)ပြား၊ မူဆယ်မြို့မှ ရွှေမောရှမ်းယာဉ်လိုင်းဖြင့် ခရီးသည်လိုက်ပါမှုမရှိဘဲ ပစ္စည်းအား တန်ဆာဖြင့် ပို့ဆောင်ပေးသည့် Sound Box ဂျပ်ဖာအား မန္တလေးတွင်လာရောက် ထုတ်ယူသော တရားခံ အမျိုးသား(၁)ဦးနှင့် ၎င်း Sound Box ဂျပ်ဖာအတွင်းမှ စိတ်ကြွဆေးပြား(၉၄၀၀)ပြား၊ ICE( ၈၈၀) ဂရမ်အားလည်းကောင်း၊ လက်နက်နှင့်အတူဖမ်းဆီးရမိမှုဖြစ်စဉ်(၁)ခုရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဖိုတောင်ရပ်ကွက်၌ တရားခံအမျိုးသား(၃)ဦးထံမှ စိတ်ကြွဆေးပြား(၃၄၇)ပြား၊ ဘိန်းဖြူ(၄.၁၀၁)ဂရမ်၊ ဘိန်း(၂)ဂရမ်၊ လေသေနတ်(၁)လက်၊ ခဲသီး(၁၀၀)လုံး၊ မှန်ပြောင်း(၁)ခုအားလည်းကောင်း၊ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရမိမှုဖြစ်စဉ်(၁)ခု ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ လယ်ကြီးရဲကင်းရှေ့တွင် ဆိုင်ကယ်(၅)စီးအား ရပ်တန့်စစ်ဆေးစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ  တရားခံ အမျိုးသား(၅)ဦး(၁ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိ) တို့ထံမှ ဘိန်းစိမ်း(၅၀၀၀၀)ဂရမ်၊ ဆိုင်ကယ်(၅)စီးအား လည်းကောင်း၊ နိုင်ငံခြားသားများပါဝင်သော ဖမ်းဆီးရမိမှုဖြစ်စဉ်(၄)ခုရှိခဲ့ပြီး ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ နမ့်စန်ဂိုထောင်ကျေးရွာ သင်္ချိုင်းကုန်းအနီး တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား (၂)ဦးထံမှ ဘိန်းဖြူ(၀.၆)ဂရမ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ် နိုင်ငံသား အမျိုးသား(၂)ဦးထံမှ ဘိန်းဖြူ(၅၈၀)ဂရမ်၊ နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်းကျေးရွာလမ်းပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားအမျိုးသား(၁)ဦးထံမှ ဘိန်း(၁၅၀)ဂရမ်၊ ဆိုင်ကယ်(၁)စီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ နယ်စပ်ဝင်ပေါက်အနီး၌ တရားမဝင် ဝင်ရောက်လာသည့် အိန္ဒိယနိုင်ငံသား အမျိုးသား(၂)ဦးနှင့် မြန်မာနိုင်ငံသားအမျိုးသား(၂)ဦး၊အမျိုးသမီး(၁)ဦး၊ ပေါင်း(၅)ဦးတို့ထံမှ စိတ်ကြွဆေးပြား (၁၀၀၀၀၀)ပြား၊ ဆိုင်ကယ်(၁)စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် သီးခြားဖော်ထုတ် ဖမ်းဆီးမှုစုစုပေါင်း အနေဖြင့် ယခုသီတင်းပတ်(၇-၁၀-၂၀၁၈ ရက်နေ့မှ ၁၃-၁၀-၂၀၁၈ ရက်နေ့အထိ)အတွင်း မူးယစ်အမှုပေါင်း (၂၈၈)မှုတွင် တရားခံကျား(၃၇၇)ဦး၊ မ(၄၉)ဦး၊ ပေါင်း(၄၂၆)ဦးကို ဘိန်းဖြူ(၁၇၁၀.၄၃)ဂရမ်၊ ICE (၉၂၁.၈၈)ဂရမ်၊ ဘိန်း(၇၈၅၁၄.၇၄)ဂရမ်၊ အဆင့်နိမ့်ဘိန်း(၁၉)ဂရမ်၊ ဘိန်းစာမှုန့်(၁၆၅၄၀)ဂရမ်၊ ဘိန်းစာရွက ်(၆၅၃၂)ဂရမ်၊ စိတ်ကြွဆေးပြား(၁၈၈၃၇၁၇)ပြား၊ ဆေးခြောက်(၆၁၁.၉၃)ဂရမ်၊ ဘိန်းဆီခဲ(၁၃.၃၂) ဂရမ်၊ စိတ်ကြွဆေးပြားအကြေမှုန့်(၁)ဂရမ်၊ Buprenorphine ဆေးပြား(၁၀)ပြား၊ လေသေနတ်(၁)လက်၊ ခဲသီး (၁၀၀)လုံးနှင့် မှန်ပြောင်း(၁)ခုတို့ကို ဖော်ထုတ်သိမ်းဆည်းရမိကြောင်းသတင်းရရှိပါသည်။

၅။      မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးရမိနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့်ကိစ္စရပ်များနှင့် ကြီးမားသည့် မူးယစ် ဆေးဝါးရောင်း/ဝယ်မှုကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံး၏ “မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေး ဌာန” အောက်ဖော်ပြပါ တယ်လီဖုန်း/ ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့သို့ ရုံးချိန်အတွင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်-

 

ဆက်သွယ်ရန်-

အော်တိုတယ်လီဖုန်းနံပါတ်    -        ၀၆၇-၅၉၀၂၀၀

ဖက်စ်ဖုန်းနံပါတ်                 -        ၀၆၇-၅၉၀၂၃၃

အီးမေးလ်လိပ်စာ                -        antinarcotics@presidentoffice.gov.mm