နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အာဆီယံခေါင်းဆောင်များ စုဝေးပွဲတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည်

Printer-friendly versionSend by email





နေပြည်တော် အောက်တိုဘာ ၈



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို ၏ ဖိတ်ကြားချက်အရ ဘာလီကျွန်း၌ ကျင်းပပြုလုပ်မည့် အာဆီယံခေါင်းဆောင်များစုဝေးပွဲ(ASEAN Leaders' gathering)သို့ တက်ရောက်ရန် မကြာမီကာလအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ပါသည်။