ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ - ၂၀၁၈ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် စက်တင်ဘာ ၂၇

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ -၂၀၁၈ (World Tourism Day – 2018) အထိမ်း အမှတ်အခမ်းအနားကိုယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ အမ်ျိဳးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူတက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ဒုတိယဝန်ကြီးဦးမင်းသူ၊ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ခရီးသွားလုပ်ငန်းဆောင်ရွက်နေကြသူများ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့်ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(World Tourism Organization)သို့အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ခဲ့သည့် ၂၀၁၂ ခုနှစ် မှစပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားကိုနှစ်စဉ်ကျင်းပလာခဲ့ရာယခုဆိုလျင်(၇)ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း။

ခရီးသွားလုပ်ငန်းမှတစ်ဆင့် နိုင်ငံများ၏ရေရှည်တည်တံ့ဖွံ့ဖြိုးမှုအတွက် အထောက် အကူပြုမှုကိုပိုမိုနားလည်လာစေရန် ရည်ရွယ်ပြီးကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနား ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံများတွင် စက်တင်ဘာ ၂၇ရက် ရောက်တိုင်းနှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ကြပါကြောင်း၊ယခုကဲ့သို့ ကျင်းပပြုလုပ်ခြင်း သည် မိမိနိုင်ငံ၏ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် လက်တွေ့ကျပြီး အလားအလာကောင်းသည့် ဆောင်ရွက်မှုဆိုင်ရာအသိအမြင်များကို မြှင့်တင်ပေးရန် အခွင့်အလမ်းတစ်ခုဟုပြောရမည်ဖြစ်ပါကြောင်း။

ခရီးသွားလုပ်ငန်းသည်အားလုံးပါဝင်သည့် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ ယနေ့ကာလတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် တစ်ကမ္ဘာလုံးရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများသာမက ဖွံ့ဖြိုးပြီးနိုင်ငံများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်း များနှင့် နိုင်ငံ၏ ဝင်ငွေရရှိမှုကို ကြီးမားစွာအထောက်အပံ့ပေးသည့် အရင်းအမြစ်တစ်ခု ဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူမှုစီးပွားဘဝမြှင့်တင် ရေးနှင့် ဆင်းရဲမွဲတေမှုလျော့ချရေးလုပ်ငန်းစဉ် အတွက်လည်းထိရောက်သည့် လုပ်ငန်း စဉ် တစ်ခုဖြစ်ပါကြောင်း။

ယနေ့ကမ္ဘာကြီးတွင် နည်းပညာများပြောင်းလဲမှုများနှင့် အတူခရီးသည်များကို ဆွဲဆောင်မှုနှင့်ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်မှုများသည်လည်းသမားရိုးကျမဟုတ်တော့ဘဲ ခေတ်မီ Digital နည်းပညာများသုံးပြီး ဆောင်ရွက်လာကြသည်ကို တွေ့ရှိ ရပါကြောင်း၊ ထို့ကြောင့်ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် အဖွဲ့ဝင်နိုင်ငံ တိုင်းတွင် ရေရှည်တည်တံ့ပြီးတာဝန်ယူမှုရှိသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများကိုဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ရပ်အဖြစ် ဒီဂျစ်တယ် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများကိုခရီးသွားလုပ်ငန်း၌အသုံးပြုရန် တိုက်တွန်းခဲ့ပါ ကြောင်း။

၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို“ ခရီးသွား လုပ်ငန်း မြှင့်တင်ရန်ဒီဂျစ်တယ်နည်းပညာဖြင့် ပြောင်းလဲစို့ -Tourism and the Digital Transformation” ဆောင်ပုဒ်ဖြင့်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒီဂျစ်တယ်နည်းပညာ၏ အရေးပါမှုသည် အနာဂတ်ဆောင်ရွက်ရမည့် အစီအစဉ်များပြင်ဆင်ခြင်းနှင့် ဆန်းသစ်တီထွင်ခြင်းများအတွက် ထောက်ပံ့ပေးနိုင်သည့်အဓိကအချက်တစ်ခုအဖြစ် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရှိရပါ ကြောင်း။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များအရ၂၀၁၇ခုနှစ်၌ ကမ္ဘာ တစ်ဝှမ်းလုံးတွင် ခရီးသွားလာကြသည့် ခရီးသွားအရေအတွက် (၁၃၂၃)သန်းခန့်ရှိပြီး ယခင်နှစ်ကထက် (၈၄)သန်းကျော်ပိုမို တိုးတက်လာပါကြောင်း၊ ဥရောပနှင့်အာဖရိက နိုင်ငံများအတွက် ၂၀၁၇ခုနှစ်သည် ကမ္ဘာလှည့်ခရီးသည် ရောက်ရှိမှုအမြင့်ဆုံး ဝင်ရောက် သည့် နှစ်ဖြစ်ပါကြောင်း၊ ခရီးသွားဦးရေတိုးတက်လာခြင်းကြောင့် ၂၀၁၇ ခုနှစ်တွင် ခရီးသွားလုပ်ငန်းက ရရှိသည့် ဝင်ငွေအမေရိကန် ဒေါ်လာ(၁ဒသမ၆) ထရီလီယံအထိ တိုးတက်ခဲ့ပြီး ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ပို့ကုန်ကဏ္ဍ၏ ၇ရာခိုင်နှုန်း ဖြည့်ဆည်း ပေးလျက်ရှိပါ ကြောင်း။

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ရောက်ရှိမှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ယခင်နှစ်ကထက်၆ရာခိုင်နှုန်း၊ အရှေ့တောင်အာရှတွင် ၁ဝရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ၂၀၂ဝခုနှစ်တွင် တစ်ကမ္ဘာလုံး ခရီးသွား လာသူပေါင်း(၁ဒသမ၆)ဘီလီယံခန့်ရှိလာပြီး ၎င်းတို့အနက်အရှေ့တောင် အာရှနိုင်ငံ များသို့ (၁၂၃)သန်းခန့် လာရောက်မည်ဟု ခန့်မှန်းထားသည့်အတွက် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၏ အလားအလာသည် အကောင်းဘက်ကို ဦးတည်နေသည်ဟု ယူဆရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ကြည့်ပါက ကမ္ဘာလှည့်ခရီးသည် ရောက်ရှိမှု သည် ၂၀၁၇ခုနှစ်တွင် (၃ဒသမ၄)သန်းဖြစ်ပြီး၂၀၁၈ ခုနှစ်ဇူလိုင်လအထိ ခရီးသွား ဧည့်သည် ရောက်ရှိမှု (၁ဒသမ၉၃)သန်း ဖြစ်သည်ကိုတွေ့ရှိရပါကြောင်း။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ခရီးသွားလုပ်ငန်းတိုးတက်ရေးသည် အဓိကကျသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီးပို့ဆောင်ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ငွေကြေးစီမံ ခန့်ခွဲမှုစသည့် အဘက်ဘက်က ဟန်ချက်ညီညီဖွံ့ဖြိုးမှသာ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုရှိလာနိုင်မည်ဖြစ်သည့်အတွက် ဌာနအလိုက်၊ ကဏ္ဍအလိုက် ဖွံ့ဖြိုး စေရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းတိုးတက်ရန်အတွက်စိန်ခေါ်မှုများပြားသော်လည်းSustainable Tourism, Responsible Tourism, Pro Poor Tourism များဖြင့် ဦးတည်ဆောင်ရွက်ကြပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ဆက်စပ် လုပ်ငန်းများတိုးတက်လာပြီး နိုင်ငံ့ဝင်ငွေတိုးတက်လာနိုင်ရေးကိုလည်း အထောက် အကူပြုမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှု အရှိန်အဟုန်ကိုထိန်းသိမ်းရန်နှင့် ခရီးသွားလုပ်ငန်းကရရှိလာသည့် အကျိုးကျေးဇူးများကို နိုင်ငံသားအားလုံး မျှဝေ ခံစားနိုင်ရန် ဂရုတစိုက်နှင့်အားလုံးကြိုတင်တွက်ဆဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ခရီးသွားများ မြန်မာနိုင်ငံသ်ို့ ပိုမိုလာရောက်လည်ပတ်ရန်အတွက် ခရီးစဉ်ဒေသ အသီးသီးသို့ အဆင်ပြေလွယ်ကူစွာသွားလာနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးနိုင်မှု၊ ဝင်ထွက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်များကို ဖြေလျော့ပေးနိုင်မှု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ခရီးသွားထုတ်ကုန်များမြှင့်တင်ပြီး တစ်နှစ်ပတ်လုံး လည်ပတ်နိုင်ရေး စီမံဆောင်ရွက်မှု၊ လူထုအခြေပြုခရီးသွားလုပ်ငန်းကဲ့သို့သော ခရီးသွား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေမှု၊ ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့် ပြည်တွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမှုတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရ မည်ဖြစ် ပါကြောင်း။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့်အခြေအနေအပေါ် မီဒီယာများ၏ တစ်ဖက်စောင်းနင်း သတင်းအချက်အလက်များ ဖော်ပြမှုနှင့်ချဲ့ကားမှုများ အပေါ် မူတည်ပြီး ခရီးသွားဧည့်သည်လျော့နည်းသွားသည်ကိုတွေ့ရပါကြောင်း၊ အထူးသဖြင့် ဥရောပနှင့်ဩစတြေးလျ ဒေသက လာရောက်လည်ပတ်မှုသည် ယခုနှစ်ဇူလိုင်လအထိ ၂ ရာခိုင်နှုန်းလျော့နည်းသွားသည်ကိုတွေ့ရှိရပါကြောင်း။

ထို့ကြောင့် ဈေးကွက်အလားအလာကောင်းသည့် အာရှနှင့်အရှေ့တောင်အာရှ နိုင်ငံများ၏ ခရီးသွားဧည့်သည်များလာရောက် လည်ပတ်မှုပြန်လည် တိုးတက်လာရန် မြှင့်တင်ဆောင်ရွက်နေသည်ကိုတွေ့ရှိရပါကြောင်း။ တစ်ဖက်ကလည်း အနောက်နိုင်ငံ များဆီသို့ ပကတိသတင်းမှန်များဖြန့်ချိရန်လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် လွန်စွာ ထိခိုက်လွယ်သည့် သဘောသဘာဝရှိသဖြင့် ခရီးသွားလုပ်ငန်းကို ထိခိုက် နိုင် သည့် အခြေအနေတစ်ရပ်ရပ်ဖြစ်ပေါ်လာသည့်အခါ ချက်ချင်းတုံ့ပြန်ဆောင်ရွက် နိုင်မည် အစီအမံများကို စနစ်တကျဆောင်ရွက်ထားရန် လိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍလက်တွဲပြီး နည်းဗျူဟာများ ချမှတ် ဆောင်ရွက်ရန် အထူး လိုအပ်ပါကြောင်း။

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှု ရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ လာရောက်လည်ပတ်နိုင်ကြောင်းကို ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသိရှိနိုင်ရေးအတွက် သတင်းမီဒီယာများ၊ Travel Writer များကို ဖိတ်ခေါ်ခြင်း၊ လက်ကမ်းစာစောင်များအသုံးပြုပြီးမြှင့်တင်ကြော်ငြာခြင်း၊ လေ့လာရေး ခရီးစဉ်များဖိတ်ခေါ်ပြသခြင်း၊ ခရီးသွားပြပွဲများပြုလုပ်ခြင်း၊ နိုင်ငံတကာ ခရီးသွားပြပွဲ များတွင် ပါဝင်ပြသခြင်းများနှင့် အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သက်သာသာနှင့် ထိရောက်မှုရှိသည့် Digital Promotion စနစ်ကိုအရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။

နိုင်ငံတော်အနေနှင့်လည်း ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ စေရန် ခရီးသည်များဝင်ထွက်မှုလွယ်ကူရေးအတွက် ASEAN+3နိုင်ငံများအတွက် ပြည်ဝင်ဗီဇာဖြေလျော့ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အချိန်ယူညှိနှိုင်းပြီး တစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အလားတူ Potential ရှိသည့် အနောက်နိုင်ငံများကိုလည်း ဗီဇာဖြေလျော့မှုများကို ထည့်သွင်းစဉ်းစားဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း။

ယခုနှစ် စက်တင်ဘာလအတွင်း ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်ခရီးသွားပြပွဲတွင်လည်းမြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းအမှတ်တံဆိပ်အသစ်ဖြစ်သည့် Myanmar: Be Enchanted ကိုနိုင်ငံတကာသို့ မြှင့်တင်ကြော်ငြာနိုင်ရန်Launch ပြုလုပ်ခဲ့သည်ဟုသိရှိရပါကြောင်း။ ထို့ပြင်ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အာဆီယံနိုင်ငံ များနှင့် ဥရောပနိုင်ငံများ၏ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံကို ပိုမိုလာရောက် လည်ပတ်နိုင်စေရန်အတွက် ခရီးသွားမြှင့်တင်မှုများဆောင်ရွက်ရန် ဈေးကွက်အလိုက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့များကိုဖွဲ့စည်းပြီးဆောင်ရွက်နေသည်ကိုသိရသည့် အတွက် နိုင်ငံတကာခရီးသွား ဧည့်သည်များပိုမိုလာရောက်ကြပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာနိုင်မည်ဟုယုံကြည်ပါကြောင်း။

ခရီးသွားလုပ်ငန်းသည် နိုင်ငံသားများအားလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် အရင်းအနှီး နည်းနည်းနှင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းဖြစ် သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ပုံရိပ်ကိုလည်း မြှင့်တင်နိုင်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် ခရီးသွား လုပ်ငန်း စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနသာမက အခြားသော ဆက်စပ်ဝန်ကြီးဌာနများနှင့် Stakeholder များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း။

ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူများအားလုံးက ဆန်းသစ်တီထွင်မှု များကို အသုံးပြုပြီးဆွဲဆောင်မှုအားကောင်းသည့် ခရီးသွားထုတ်ကုန်များ ပေါ်ထွက် လာစေရေး၊ Digital နည်းပညာများနှင့်ခရီးသွား လုပ်ငန်းပြောင်းလဲမြှင့်တင် နိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် UNWTO အထွေထွေအတွင်းရေးမှူးချုပ်Mr.ZurabPololikashvili၏ သတင်းစကားဗီဒီယိုနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ တို့ကိုပြသပြီး တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအမှတ်တံဆိပ်အသစ် (Myanmar:Be enchanted)နှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက တက္ကသိုလ်၊ ကောလိပ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကျပန်းစကား ပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကဝန်ဆောင်မှု စွမ်းရည်အကောင်းဆုံးဆု ရရှိသော ဟိုတယ်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ဝန်ဆောင် မှုစွမ်းရည်အကောင်းဆုံးဆုရရှိသော ခရီးသွားကုမ္ပဏီများကိုလည်းကောင်း၊ ပြည်ထောင် စုဝန်ကြီး ဦးအုန်းဝင်းက သန့်ရှင်းသောအများသုံးသန့်စင်ခန်း အကောင်းဆုံး စီစဉ် ဆောင်ရွက်နိုင်သူများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များပေးအပ် ချီးမြှင့်ကြ သည်။

ထို့နောက် 33rd Korea World Travel Fair -2018 တွင် The Best Booth Operation Award ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းနှင့် 21st Busan International Tourism Expo တွင် The Best Tourism Publicity Award ရရှိခဲ့သည့် မြန်မာနိုင်ငံ ကိုယ်စားပြု ခရီးသွားပြခန်းတို့မှ တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လက်ခံရယူပြီး 2018 Knowledge Sharing Seminar on Sustainable Tourism Development တွင် Action Plan for Capacity Building of Shan Plateau, Myanmar (2020-2023) ခေါင်းစဉ်ဖြင့် ပထမဆုရရှိခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက အာဆီယံခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များအပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်ဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာကွန်ဖရင့်တွင် သင်တန်းကျောင်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရရှိခဲ့သူများနှင့် 12th ASEAN Skills Competition တွင်Medallion for Excellence –Restaurant Service ဆုရရှိခဲ့သူများအားဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်သည်။

ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အခမ်းအနာသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး Digital နည်းပညာဖြင့် ပြသထားသည့် ပြခန်းများ၊ တက္ကသိုလ်၊ ကောလိပ် အဆင့် စာစီစာကုံးပြိုင်ပွဲမှ ဆုရစာစီစာကုံးများနှင့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုကြသည်။