နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများအား သြဝါဒ အမှာစကား ပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် စက်တင်ဘာ ၂၆

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာ ရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများက ဂါရဝပြုသြဝါဒ ခံယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပသည်။

ဂါရဝပြုသြဝါဒခံယူပွဲ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဗိုလ်ချုပ်သန်းထွဋ်၊ သမ္မတရုံးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်လတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သြဝါဒအမှာစကား ပြောကြားသည်။

(နို်င်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သြဝါဒအမှာစကားကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေး ဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများကိုယ်စား ရှမ်းပြည် နယ် ``ဝ´´ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်မှ ``ဝ´´ တိုင်းရင်းသူ မအိပေါင်လေး က ဂါရဝပြု ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူကိုယ်စားလှယ်များက ဂါရဝပြု အမှတ်တရ လက်ဆောင်ပစ္စည်းကို နေရာအရောက်ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင် တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများအား နယ်စပ်ရေးရာဝန်ကြီးဌာန၌ ဆက်လက် တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ပြီး ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံသည်။