ဒုတိယသမ္မတ ဦးမြင့်ဆွေ ဝက်လက်မြို့နယ်အတွင်းရှိ ရေထွက်ပျိုးဥယျာဉ်၊ ရွှေဘိုမြို့ ရွှေဘုံရတနာမင်္ဂလာနန်းတော် နှင့် မုံရွာမြို့နယ် ကျောက္ကာမြောက်ကျေးရွာရှိ မြန်မာ့ရိုးရာလက်မှုပညာယွန်းထည် လုပ်ငန်းများသို့ သွားရောက်ကြည့်ရှု

Printer-friendly versionSend by email

 

မုံရွာ၊ သြဂုတ် ၁၆

ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်မှ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ သို့ရောက်ရှိကြရာ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် အဖွဲ့ဝင်များသည် ဝက်လက်မြို့နယ် အတွင်းရှိ ရေထွက်ပျိုးဥယျာဉ်သို့ရောက်ရှိကြရာ ပျိုးဥယျာဉ်ရှင်းလင်းဆောင်၌ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် က အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရေထွက်ပျိုးဥယျာဉ်၏ နောက်ခံ သမိုင်းနှင့် ပျိုးဥယျာဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ က တိုင်းဒေသကြီး ၃ ခုအတွင်းရှိ ခရိုင် ၁၃ ခရိုင်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင် ရွက်လျှက်ရှိသည့် လုပ်ငန်းများအောင်မြင်စေရန်အတွက်ချမှတ်ထားသည့် ရည်မှန်းချက် ၈ ရပ်၊ ရည်ရွယ်ချက် ၅ ရပ်နှင့် အဓိကလုပ်ငန်းတာဝန်ကြီး ၄ ရပ် တို့ကိုအလေးထားဆောင် ရွက်ရေး၊ အပူပိုင်းဒေသသစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း တိုးတက်ရေးနှင့် ထင်းအစား ထိုးလောင်စာများပိုမိုအသုံးချနိုင်ရေး၊ ထင်းစိုက်ခင်းများယခုထက်တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စီမံကိန်းလျာထားချက်များကို နှစ်အလိုက်ပြည့်မီအောင်အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရေးတို့ကို မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ထင်းအစားထိုးနမူနာ လောင်စာ တောင့်များ၊ စွမ်းအားမြှင့်မီးဖိုနမူနာပုံစံခင်းကျင်းပြသထားမှုများနှင့် ပျိုးဥယျာဉ်အတွင်း ပျိုးပင်များပြုစုပျိုးထောင်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ရွှေဘိုမြို့ ရွှေဘုံရတနာမင်္ဂလာနန်းတော် ရှင်းလင်းဆောင်သို့ ရောက်ရှိ ကြရာ ရှင်းလင်းဆောင်၌ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များအား ရှေးဟောင်းသုတေသန ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ရွှေဘုံရတနာမင်္ဂလာနန်းတော် နောက်ခံ သမိုင်း၊ နန်းတော်ဆိုင်ရာအချက်အလက်များနှင့် နန်းတော်အတွင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ က ရွှေဘုံရတနာမင်္ဂလာနန်းတော်သည် တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအမွေအနှစ်ဖြစ်သည့်အတွက် သမိုင်းဆိုင်ရာအထောက် အထားအချက်အလက်များနှင့် မှတ်တမ်းများစနစ်တကျပြုစုထားရှိရေး၊ နန်းတော်ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျပြုပြင်ထိန်းသိမ်းရေး တို့ကို မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ရွှေဘုံရတနာမင်္ဂလာနန်းတော် အဆောက်အအုံပုံစံငယ်၊ နန်းတော်ပြတိုက်နှင့် အလောင်းမင်းတရားကြီး၏ အုတ်နန်းပြသာဒ် တို့ကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မုံရွာမြို့နယ် ကျောက္ကာ(မြောက်)ကျေးရွာရှိ ငွေကြယ်စင် မြန်မာ့ရိုးရာလက်မှုပညာယွန်းထည်လုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းပိုင်ရှင် ဦးစိုးမိုးကျော် က ယွန်းထည်ထုတ်လုပ်မှု အဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် ယွန်းထည်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ယွန်းအချော ထည်များကို ကြည့်ရှုလေ့လာပြီး ယွန်းထည်များနိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်နိုင် ရေးကြိုးပမ်းဆောင်ရွက်ရန်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။