ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၁၈)သို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော်၊ ဩဂုတ် ၂

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၁၈)ကိုယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်ဇင်မောင်၊ ဦးဝင်းခိုင်၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်နှင့် ဦးစိုးဝင်း၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်များ ဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဒေါ်လဲ့လဲ့မော်၊ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ ဦးအောင်ထူးနှင့် ဦးကျော်လင်း၊ အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ယနေ့ကျင်းပသည့်အစည်းအဝေးသည် တတိယ အကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ၂၀၁၈ခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်း ပသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ ယခုအစည်အဝေး မကျင်းပမီ ကာလများ တွင်လည်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် ဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း။

၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအရမြန်မာနိုင်ငံတွင်သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ သီလဝါအထူးစီးပွားရေးဇုန်တွင်ဇုန် A သည်အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးလုနီးပါးရှိပြီဖြစ်ပြီး တစ်ဆက်စပ်တည်းမှာပင် ဇုန် B ကိုဆက်လက် အကောင်အထည်ဖော်နေပြီဖြစ်ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ လာကြသည့် ကုမ္ပဏီစုစုပေါင်း(၉၇)ခုထိရှိနေပြီဖြစ်ပြီးရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိ ကန်ဒေါ်လာ (၁၄၉၁ ဒသမ ၉၀)သန်းရှိပါကြောင်း၊ လက်ရှိလည်ပတ်နေသည့် စက်ရုံ(၅၂)ရုံ ထိရှိ နေပြီဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်သည်ကို တွေ့ရှိရ ပါကြောင်း။ ထားဝယ်နှင့်ေ ကျာက်ဖြူဇုန်များ အနေဖြင့်တိုးတက်မှု နှေးကွေးနေသေးသည် ကိုတွေ့ရပါကြောင်း။ မိမိတို့အနေဖြင့် ထိရောက်သည့်တိုးတက်မှုတစ်ခုရရှိလာရန် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့်အညီတင်ဒါ ခေါ်ယူ အောင်မြင်ပြီးဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအပါအဝင် ရခိုင်ပြည် နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုနိုင်သည့် စီမံကိန်းဖြစ်သည့် အတွက် အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ကျောက်ဖြူဇုန်ရေနက်ဆိပ်ကမ်း စီမံကိန်း အတွက် Framework Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆောင်ရွက် မှုများ ဆောင်ရွက်လျက်ရှိရာတိုးတက်မှုရှိလာမည်ဟုယုံကြည်ပါကြောင်း။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်နိုင်ငံသည် (Special Purpose Vehicle-SPV)တွင် ပါဝင်ဆောင်ရွက်နေ ပါကြောင်း။ မြန်မာနိုင်ငံ အနေဖြင့်စီမံကိန်း မြန်မြန်ပြီးလျှင် မြန်မြန်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည့်အတွက် ကနဦးစီမံကိန်း အပါ အဝင် ပင်မစီမံကိန်းကိုပါအလျင်အမြန်စတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝိုင်း ဝန်း ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ အကောင်အထည်ဖော်နေဆဲ အထူးစီးပွားရေးဇုန်များမြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုး တက် လာစေရန် အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ရာ ပွင့်လင်းမြင်သာစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီးေ ဒါက်တာသန်းမြင့်က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုအဖွဲ့တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီးဦးအောင်ထူး က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းပြောကြား သည်။

ထို့နောက် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌဒေါ်နီလာကျော် ကသီလဝါအထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာထွန်းန်ိုင် က ထားဝယ် အထူး စီးပွားရေးဇုန်ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ထားဝယ်-ထီးခီး နှစ်လမ်းသွားကားလမ်းတည်ဆောက်သွားမည့် လုပ်ငန်း များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဗဟိုအဖွဲ့တွဲဖက် အတွင်းရေးမှူးဒုတိယ ဝန်ကြီး ဦးအောင်ထူး က ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဆိုင်ရာ အမှာစာတင်ပြချက်နှင့် စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ ဒေါက်တာ သန်းမြင့်နှင့်ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်မှဒေါက်တာမြင့်ဆန်း၊ ကျောက်ဖြူ အထူးစီးပွား ရေးဇုန်မှ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဦးဟင်နရီဗန်ထီးယူက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ အထူးစီးပွားရေးဇုန်များကို အကောင်အထည် ဖော်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဦးတည် ဆောင်ရွက်ခြင်းဖြစ်သော်လည်း တဘက် နှင့်တဘက်မျှတမှုရှိရန် ချင့်ချိန်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍မြန်မာ-ထိုင်း-ဂျပန်သုံးဦးသုံး ဖလှယ်ပူး ပေါင်းဆောင်ရွက် နိုင်ရေးစီစဉ်လျက်ရှိပါကြောင်း၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် လက်ရှိစာချုပ်များနှင့် MOU များကိုပြန်လည်သုံးသပ်၍ ဆက်လက် ဆောင်ရွက် သင့်သည့်လုပ်ငန်းစဉ်များကိုလေ့လာအကြံပြုပေးစေလိုပါကြောင်း။ ကနဦးစီမံ ကိန်းတွင် မြန်မာ-ထိုင်းအစိုးရချင်းပူးပေါင်းဆောင်ရွက်မည့် ထားဝယ် - ထီးခီးလမ်း ဖောက် လုပ်ရေးစီမံကိန်းအမြန်ဆုံး ဖြစ်မြောက်အောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ စေလိုပါကြောင်း။ သီလဝါဇုန်နှင့် ပတ်သက်၍ လက်ရှိအောင်မြင်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းထား ကြရမည်ဖြစ်ပါကြောင်း။

မြေယာဆိုင်ရာ တင်ပြမှုများကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းဖြေရှင်းကြရမည် ဖြစ်ပါကြောင်း။ သီလဝါ ဇုန်သည် ထပ်မံတည်ထောင်ရန်ရည်ရွယ်ထားသည့် အထူးစီးပွားရေး ဇုန် အားလုံး အတွက်စံပြပုံစံ တစ်ခုဖြစ်သည့်အတွက် ကျင့်သုံးသည့် စနစ်များကို ကမ္ဘာ့ အဆင့်မီ တိုးတက်အောင် အမြဲလေ့လာပြုပြင်ပြောင်းလဲနေရန်လိုအပ်ပါကြောင်း။ အထူးစီးပွားရေး ဇုန်များ အတိုင်းအတာတစ်ခုထိ တိုးတက်လာစေပြီး ပြည်သူများလက်တွေ့ အကျိုး ခံစားရ စေရေးနှင့် မျှော်လင့်ချက်များရှင်သန်လာ စေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်းပြောကြားသည်။