ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံတွင်လတ်တလောဖြစ်ပွားနေသောရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံတွင်လတ်တလောဖြစ်ပွားနေသောရေကြီးရေလျံမုများနင့် စပ်လျဉ်းသည့်လုပ်ငန်းညိနိုင်းအစည်းအဝေးသို့ တက်ရောက်အမာစကားပြောကြား

 

နေပြည်တော်၊ ဇူလိုင် ၂၈

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်နှင့် ဒေါက်တာအောင်သူ၊ ဒုတိယ ဝန်ကြီးဦးမင်းသူ၊ ဗိုလ်ချုပ်အောင်သူ၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတ က နိုင်ငံအတွင်းလတ်တလောဖြစ်ပေါ်နေသည့်သဘာ၀ ဘေးအန္တရာယ် ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ လိုအပ်သလိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် အစည်းအဝေးကို ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် နစ်နာဆုံးရှုံးမှုများကြုံတွေ့နေရပါကြောင်း၊ လတ်တလော ရေကြီးရေလျှံမှုများကြောင့် ပဲခူးတိုင်း ဒေသကြီး၊ တနသာၤရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ လတ်တလော ဖြစ်ပေါ်လျှက်ရှိရာ သဘာ၀ ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိနေပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်ကြုံတွေ့ ခံစားနေကြရသူများကို သဘာ၀ဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်၍ ချက်ချင်း တုန့်ပြန်ဆောင်ရွက် နိုင်ရန် လုပ်ဆောင် ကြရမည်ဖြစ်ပါကြောင်းနှင့် သဘာ၀ ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည် များကိုမျှော်မှန်း၍ သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်နှင့် ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့်ဦးမင်းသူ၊ ဗိုလ်ချုပ်အောင်သူ၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းတွင်းဝန် ဦးတင်မြင့်၊ ဦးတင်မောင်ဦးနှင့် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာကျော်မိုးဦးနှင့် တာဝန်ရှိသူများက သဘာ၀ဘေးအန္တရာယ်ကြုံတွေ့ ခံစားနေ ကြရသူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဆက်လက် ကူညီဆောင်ရွက်သွားမည့်အစီအမံများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ ချက်ချင်းတုန့်ပြန်ဆောင်ရွက် သွားမည့် အခြေအနေ များ၊ ထောက်ပံ့ကူညီသွားမည့်အစီအစဉ်များ၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ များနှင့် တပ်မတော်မှ သဘာဝဘေးအန္တရာယ်များကျရောက်သည့်နေရာများတွင် ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြသည်။

 

ယင်းနောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး မိုးလေဝသ အခြေအနေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဂြိုလ်တုမှပေးပို့ သည့်ပုံရိပ်များကိုလှည့်လည် ကြည့်ရှုသည်။