နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီသံအမတ်ကြီးနှင့် အိုင်ယာလန်သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

Printer-friendly versionSend by email

 

နေပြည်တော် ဇူလိုင် ၁၂

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီသံအမတ်ကြီး H.E. Dr. Peter JAKAB နှင့် မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန်သံအမတ်ကြီး H.E. Mr. Brendan Gerard Rogers တို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံ သည်။

မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှုများအား ထောက်ခံပေးနေမှု၊ ပညာရေးကဏ္ဍတွင် အကူအညီများ ပေးအပ်နေမှုနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန်သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နေမှု နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။