ဒုတိယသမ္မတဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၁၈)ကြိမ်မြောက်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

ရန်ကုန်၊ ဇူလိုင် ၆

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်း ရှင်များ၏ (၁၈)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အစည်း အဝေးခန်းမ၌ ကျင်းပရာပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာစကားပြော ကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ လက်လီရောင်း ချသူများအသင်း၊ မကွေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ နိုင်ငံ လက်မှုအနုပညာအသင်းတို့မှ တာဝန်ရှိသူများတက် ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွှက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့်အတွက် သက်တမ်းတစ်နှစ်ခွဲကျော်ရှိပြီ ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်သာမက ပြည်သူများ၏ လူမှုစီးပွားတိုးတက်ရေး အတွက်ပါ အဓိကကျသည့်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ အစည်းအဝေးကို (၂)လ တစ်ကြိမ်ကျင်းပပြုလုပ် လျက်ရှိရာ (၇)ကြိမ်မြောက် အထိကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း။

နယ်စပ်မှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် ပြည်တွင်း အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲခြင်း၊ တရား မဝင်ကုန်ပစ္စည်းများသည် နိုင်ငံတော်သို့ အခွန်ပေးဆောင်ခြင်း မရှိသည့် အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် နည်းပညာနှင့် ဈေးကွက်ယှဉ်ပြိုင်မှု အခက် အခဲဖြစ်ပေါ် နေခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ရေပူနှင့် မရမ်းချောင်ကုန်ပစ္စည်း စစ်ဆေးရေးစခန်းများ တွင်သာ မက နယ်စပ်ဒေသနှင့် ထိစပ်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များ တွင် အထူးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အစု အဖွဲ့အလိုက်၊ လုပ်ငန်းကဏ္ဍများအလိုက် အခက်အခဲများကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ဖြေရှင်းပေးလျက်ရှိရာ ပြီးခဲ့သည့် မေလအထိ တွေ့ဆုံ ဆွေးနွေးမှု အကြိမ်ပေါင်း (၁၇)ကြိမ် ဆောင်ရွက်ခဲ့ပြီး အကြံပြုတင်ပြချက် စုစုပေါင်း (၂၅၀)ချက် ရှိခဲ့ပါကြောင်း၊ အဆိုပါအချက်များ အားလုံးကို သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးပြီး ဖြစ်ပါကြောင်း။

အချို့ကိစ္စရပ်များသည် မပြီးပြတ်သေးဘဲ ဆက်လက်ဖြေရှင်းဆောင်ရွက် ပေးရမည့် လုပ်ငန်းများ ဖြစ်နေသည့်အတွက် လုပ်ငန်းကော်မတီ (၅)ရပ်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံပြီး ဆွေးနွေးပွဲ (Public - Private Dialogue) များကို ပြုလုပ်၍ ပြီးပြတ်သည်အထိ ဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ပြည်ပကုန်သွယ်မှု အခြေအနေကိုကြည့်လျှင် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၃၃ဒသမ၅၂) ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့ပြီး ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ(၂၇ဒသမ၂၄) ဘီလီယံ ရှိပြီး ရာခိုင်နှုန်း အားဖြင့် (၈၁ရာခိုင်နှုန်း)အထိ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့အထိ ကိန်းဂဏန်းများအရ ကုန်သွယ်မှု ပမာဏ သည် အမေရိကန်ဒေါ်လာ (၇ဒသမ၉၈၃)ဘီလီယံအထိ ရရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ (၉၇၇)သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှု အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ (၆ဒသမ၉၂၄) ဘီလီယံပါဝင်သည့်အတွက် ရာခိုင်နှုန်းအားဖြင့်(၈၇ ရာခိုင်နှုန်း)အထိ ပိုမိုတိုးတက် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း။

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူမှုရှိမရှိကို ကမ္ဘာ့ဘဏ် က နှစ်စဉ်ထုတ်ပြန်သည့် Ease of Doing Business အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အဆင့်တိုးတက်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ အနေဖြင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေ သည်ကို တွေ့ရှိရသဖြင့် ယခင်ကထက် အမှတ်ကောင်းလာနိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ မေးမြန်းသည်များကို ဌာနဆိုင်ရာအပိုင်းနှင့် ပုဂ္ဂလိကအပိုင်းတို့အနေဖြင့် စိတ်ရှည်စွာဖြင့် စနစ်တကျဖြေကြားကြရန်လိုအပ်ပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့် မိမိတို့ အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် လိုပါကြောင်းဖြင့်ပြောကြားသည်။

ဆက်လက်၍ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအေချအေနမ်ားနွင့္ စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်မွေး ပညာသင်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးစိန်အေးမောင်နှင့် မြန်မာနိုင်ငံ လက်မှု အနုပညာအသင်း ဥက္ကဋ္ဌ ဦးသာဓုတို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက B4B Insights Forumမှ အကြံပြုချက်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က အခွန်၊အကောက်ခွန်နှင့် စံချိန်စံညွှန်းပိုင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းမှုအခြေအနေနှင့် စပ်လျဉ်း၍ လည်းကောင်း အကြံပြုတင်ပြကြသည်။

အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိ နှိုင်းဖြေရှင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။