နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဗြိတိန်နိုင်ငံနှင့် သြစတြီးယားနိုင်ငံသံအမတ်ကြီးတို့ သံအမတ်ခန့်အပ်လွှာများ ပေးအပ်

Printer-friendly versionSend by email

 



နေပြည်တော် ဇူလိုင် ၃

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဒယ်နီရယ် ပတရစ် ဘရန်ဒန် ချဂ် သည် ယနေ့ နံနက် ၁ဝ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီ ပြီးဖြစ်သော သံအမတ်ကြီး မစ္စစ် အီဗာ ဟာဂါ သည် နံနက် ၁၁ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများကို ပေးအပ်ကြသည်။

အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားများသို့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ နှင့် သံတမန်ရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။