နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email



နေပြည်တော် ဇွန် ၂၉

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ICRC ၏ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေ၊ ရခိုင်ပြည်နယ်သာမက ရှမ်းနှင့်ကချင်ပြည်နယ်တို့တွင် ICRC ၏ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာသည့် မိသားစုများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ၎င်းတို့အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးလုပ်ငန်းစဉ်များတွင် ပြန်လည်ထူထောင်ပေးနေမှု၊ ICRC အနေဖြင့် ဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍ လုပ်ငန်းများ လက်တွဲဆောင်ရွက်သွားမည့် အခြေအနေ၊ ရခိုင်ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ တို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။