နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

 

နေပြည်တော် ဇွန် ၂၇

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H.E. Mr. Pier Giorgio ALIBERTI အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် အကူအညီပေးနေမှု၊ မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှု၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။