ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တီးတိန်နှင့် ဖလမ်းမြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

Printer-friendly versionSend by email

ဖလမ်း မေ ၁၉

ချင်းပြည်နယ် တီးတိန်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးစိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ မေ ၁၈ ရက်တွင် တီးတိန်မြို့နှင့် ဖလမ်းမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

နံနက်ပိုင်းတွင် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် တီးတိန်မြို့ စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ၏ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ(တီးတိန်)သို့ရောက်ရှိပြီး ခြံအတွင်း အောင်မြင် ဖြစ်ထွန်းနေသော ပိုးစာပင်များ၊ ပိုးချည်ထုတ်လုပ်ပုံ အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပိုးချည်စက်ရုံ ရှင်းလင်းဆောင်၌ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်မော်က ပိုးစာထုတ်လုပ်မှုအား သမာရိုးကျနည်းမှ အဆင့်မြင့်နည်း ပညာသို့ အဆင့်လိုက်ပြောင်းလဲ ဆောင်ရွက်နေမှု၊ လက်ရှိ ပိုးချည် ထုတ်လုပ်နေမှုနှင့် သုတေသနပြုလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပိုးစာပင် စိုက်ပျိုးခြင်းဖြင့် ဒေသခံမိသားစုဝင်များ၏ ဝင်ငွေကို တိုးတက်စေမည့်အပြင် ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်း ကို အစားထိုး လုပ်ကိုင်နိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချနိုင်မည်ဖြစ်ပါ ကြောင်း၊ ပိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ကုန်ကြမ်းများအား ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့နိုင်မည့် ပိုးချည်ထုတ်လုပ်မှုစက်ရုံများ အဆင့်မြင့်တင်နိုင်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍ နှင့်ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုးစာစိုက် တောင်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ပဈေးကွက်၌ ပိုးချည်မျှင် ဝယ်လိုအားသည် နှစ်စဉ်တိုးတက်လျက်ရှိ ပြီး ပြည်တွင်း၌ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ခိုင်မာသောဈေးကွက်ရရှိရေးကို ဌာနဆိုင်ရာများမှ ပံ့ပိုးဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ အလားတူ ပိုးချည်မျှင်အပြင် ပိုးစာမှတစ်ဆင့် အခြားသော တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကိုလည်း သုတေသနပြုသွားရန် လိုအပ် ပါကြောင်း မှာကြားသည်။

မြန်မာနိုင်ငံတွင် ပိုးစာသီးနှံကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် စိုက်ပျိုးလျက်ရှိရာ စိုက်ဧကစုစုပေါင်း ၆၄၃၇ ဒသမ ၉၈ ဧကရှိပြီး ၂၀၁၇ - ၂၀၁၈ ခုနှစ် ပိုးစာသုတေနခြံနှင့် ပိုးစာခြံများမှ ပိုးဥမွေးမြူမှု ၂၃၁ ကဒ်ရှိပြီး ပိုးအိမ်ထုတ်လုပ်မှု မှာ ၁၁၈၆၈ ပေါင် ထွက်ရှိသည်။ ပိုးစာ တစ်ဧက စိုက်ပျိုးပါက ပထမနှစ်တွင် စိုက်ပျိုးစရိတ် ငွေကျပ် ၈ သိန်းခွဲ၊ ဒုတိယနှစ် တွင် ပြုပြင်ထိန်းသိမ်းစရိတ်နှင့် ပိုးဥ ၆ ကဒ် မွေးမြူစရိတ် စုစုပေါင်းကုန်ကျငွေကျပ် ၉၇၈၀၀၀ ကုန်ကျပြီး ယင်းနှစ်မှာပင် ပိုးဥ ၆ ကဒ်မှထွက်ရှိမည့် ပိုးအိမ် ၆၀၀ ပေါင်အား တစ်ပေါင်လျှင် ငွေကျပ် ၂၂၀၀ နှုန်းဖြင့်ရောင်းချပါက ငွေကျပ် ၁၃၂၀၀၀၀ ရရှိမည်ဖြစ်၍ ဒုတိယနှစ်မှာပင် အမြတ်ငွေကျပ် ၃၄၂၀၀၀ ရရှိမည်ဖြစ်ရာ ၂ နှစ်ခွဲကာလအတွင်း အရင်းကြေမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် တီးတိန် - ရိဒ်လမ်းနှင့် ရိဒ် - ဖလမ်းလမ်း တို့အား အဆင့်မြင့်တင်ဆောင်ရွက်နေမှု မံဆောင်းကျေးရွာအနီး ခွင့်ပြုတန်ချိန် ၁၆ တန်ရှိ မဏိပူရ မြစ်ကူး ပေ ၃၆၀ အရှည် မံဆောင်းကြိုးတံတား၏ ကြံ့ခိုင်ကောင်းမွန်မှု တို့ကို မော်တော်ယာဉ် ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းတံတားများ၏ ကြံ့ခိုင်ကောင်းမွန်မှု နှင့် လမ်းပိတ်ဆို့မှုများ မဖြစ်အောင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် တီးတိန်မြို့နယ် လိုင်တွီးကျေးရွာသို့ရောက်ရှိရာ ဒေသခံပြည်သူများက ရိုးရာ ဓလေ့အတိုင်း ဂုဏ်ပြုကြိုဆိုကြပြီး ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ဒေသဖွံ့ဖြိုးမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ တီးတိန်မြို့နယ် ဟိုင်မွာလ်ရွာသစ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိပြီး နယ်စပ်ကုန်သွယ်မှုနှင့် စခန်း၏လုပ်ငန်းဆောင်ရွက်နေမှု တို့ကို စခန်းတာဝန်ခံနှင့်တာဝန်ရှိ သူများက ရှင်းလင်းတင်ပြရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်တို့က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကုန်သွယ်ရေးစခန်းမှ တဆင့် ပြည်ပပို့ကုန်အမယ်သစ်များ တိုးချဲ့တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိရေးကို ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မကြာမီက အိန္ဒိယ - မြန်မာ နှစ်နိုင်ငံအကြား နယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် နှစ်နိုင်ငံအကြား ကူးသန်းသွားလာမှုများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်စပ်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများ အဆင်ပြေမှုရှိအောင် အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

ရိဒ်ကုန်သွယ်ရေးစခန်းကို ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိုင်မွာလ်ရွာသစ်ရှိ မြေဧရိယာ ၄ ဒသမ ၈၁၄ ဧကတွင် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၀၁၆ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၃၃၄ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၃၅၀ သန်းရှိပြီး ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၆၅၂ သန်းရှိ၍ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၉၈ သန်း ပိုမိုရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ရိဒ်ခေါဒါမြို့နှင့် အိန္ဒိယနိုင်ငံ ဇိုးခေါထာရ်းမြို့တို့ကို ဆက်သွယ်ထားသည့် နယ်စပ်ကုန်သွယ်ရေးတံတား၊ တံတားအနီး မြေထိန်းနံရံနှင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ရိဒ်ခေါဒါမြို့ အမှတ်(၂)ရပ်ကွက်တွင် ဧပြီ ၁၆ ရက် မီးလောင်မှုဖြစ်စဉ်ကြောင့် မီးဘေးသင့်အိမ်ထောင်စုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ဖလမ်းခရိုင် ရိခေါ်ဒါရ်မြို့ အမှတ်(၁) ရပ်ကွက်အနီးရှိ ရိဒ်ရေကန်သို့ ရောက်ရှိရာ ဒေသခံပြည်သူများက ရိုးရာအကများဖြင့် ကြိုဆိုနှုတ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ရိဒ်ရေကန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတက ရိဒ်ရေကန်သည် သဘာဝတရားမှ ပေးအပ်သည့် အကောင်းဆုံးလက်ဆောင်ကို ရရှိထားခြင်း ဖြစ်ပြီး ဌာနဆိုင်ရာများမှ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်နေမှုကို ဒေသခံပြည်သူများက ဒေသချစ်စိတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ရိဒ်ဒေသအား ခရီးသွားလုပ်ငန်း၏ ခရီးစဉ်အသစ် တစ်ခုအဖြစ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရာတွင် ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားအကျိုး ဖြစ်ထွန်းအောင်လည်း ဖော်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်အား ညစ်ညမ်းမှုမဖြစ်အောင် ဒေသခံပြည်သူ များနှင့်အတူ ထိန်းသိမ်းစောင့်ရှောက်သွားရမည် ဖြစ်ပါကြောင်း မှာကြားသည်။

ရိဒ်ရေကန်သည် ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်ခေါ်ဒါမြို့အနီး ပင်လယ်ရေမျက်နှာပြင် အထက် ၂၉၉၇ ပေတွင် တည်ရှိပြီး ရေကန်၏ အကျယ်မှာ ၂ မိုင်ကျော်ခန့်ရှိသည်။ ရိဒ်ရေကန် ကို အေဒီ ၁၅၀၀ ခန့်က စတင်တွေ့ရှိခဲ့ပြီး ချင်းပြည်နယ်ရှိ တန်ဖိုးမဖြတ်နိုင်သော ခရီးသွားဒေသ တစ်ခုအဖြစ် လည်းကောင်း၊ ဒေသတွင်း ရိုးရာယုံကြည်ကိုးကွယ်မှုအဖြစ် လည်းကောင်း နိုင်ငံတကာတွင် ထင်ရှားသည့် ရေကန်တစ်ခုဖြစ်သည်။

ထို့နောက် ဒုတိယသမ္မတသည် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုပေးနေမှုကို လှည့်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေကြသူများ အားပေးစကားပြေကြားကာ ထောက်ပံ့ ငွေများ ပေးအပ်သည်။

ယင်းနောက် ဖလမ်းမြို့နယ် ဆူရ်ဘုန်တောင်ကြောရှိ ဆူရ်ဘုန်(ဖလမ်း)လေဆိပ်သစ် ပထမအဆင့် တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ လေကြောင်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မှ ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတက စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းခွင်၌ အသုံးပြုရန် လိုအပ်သည့် ရေကို မိုးတွင်းကာလတွင် ကြိုတင်စုဆောင်း သိုလှောင်သွားရန် လိုအပ်ပါကြောင်း၊ လေယာဉ်ကွင်း တည်ဆောက်ရာတွင် မြေသား သိပ်သည်းမှုရှိစေရေးနှင့် မြေထိန်းနံရံ ခိုင်ခံ့မှုရှိအောင် အထူးအလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင် အချိန်မီပြီးစီးရေးနှင့် ရေရှည်ခိုင်ခံ့ပြီး အရည်အသွေး ပြည့်မီသည့် လေယာဉ်ကွင်း တစ်ခု ဖြစ်အောင် ချိန်ညှိ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် လေယာဉ်ပြေးလမ်း တည်ဆောက်ပြီးစီးမှုနှင့် မြေထိန်းနံရံ(၂) တည် ဆောက်မည့် နေရာတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆူရ်ဘုန်(ဖလမ်း)လေဆိပ်သစ် စီမံကိန်းကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် လေယာဉ်ပြေးလမ်း (၆၀၀၀ × ၁၀၀ ပေ) တည်ဆောက်ရန်အတွက် မြေတူး၊ မြေဖြတ်၊ မြေဖို့ ခြင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ဖလမ်းမြို့သို့ ရောက်ရှိရာ ဒေသခံ ပြည်သူများက ရိုးရာယဉ်ကျေးမှုအကများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။