အကြိမ် (၇ဝ) ပြည့်တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့်သာသနာ့ အာဇာနည်အရှင်သူမြတ် ၈၈ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

Printer-friendly versionSend by email

ရန်ကုန် မေ ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပခဲ့သောအကြိမ် (၇ဝ) ပြည့် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင် သူမြတ် ၈၈ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဘွဲ့တံဆိပ်ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိ မင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ   သြဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကဆရာတော်များ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဆရာတော်များ၊ စာထောက်စာမဆရာတော်များ၊ ပုစ္ဆာထုတ်ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော် များ၊ ပင့်သံဃာတော်များ၊ အကြိမ် (၇ဝ) ပြည့်တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ် ရေးစာမေးပွဲတွင်အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များ၊ ပင့်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဇနီးဒေါ်ခင်သက်ဌေး၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာတိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ပဓာနနာယက အဘိ ဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တပညိဿရာဘိဝံသထံမှ ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့ အမှူးပြုသော ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြ သည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သာရဏီယသြဝါဒကထာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကမန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ က ဖတ်ကြားချီးမြှင့်တော်မူသည်။

ယင်းနောက်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ထို့နောက် အကြိမ် (၇ဝ) ပြည့်တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များကို ဆက်ကပ်ကြရာ ဒုတိ်ယသမ္မတ ဦးမြင့်ဆွေကပိဋကသုံးပုံအာဂုံအောင် တိပိဋကဓရဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်း ဒေသကြီးဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်သေဋ္ဌဉာဏာလင်္ကာရအားတိပိဋကဓရဘွဲ့တံဆိပ်တော်၊ တိပိဋကဓရ အောင် လက်မှတ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ်သည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများကပိဋက နှစ်ပုံခွဲအာဂုံအောင် မူလအာဘိဓမ္မိက ၂ ပါး၊ ပိဋက နှစ်ပုံရေးဖြေအောင် ဒီဃနိကာယကောဝိဒ  ၁ ပါး၊ ပိဋက  နှစ်ပုံအာဂုံအောင် ဒီဃဘာဏက ၆ ပါး၊ ပိဋကတစ်ပုံရေးဖြေအောင် ဝိနယကောဝိဒ ၄ ပါး၊ ပိဋက တစ်ပုံအာဂုံအောင် ဝိနယဓရ ၁၃ ပါး၊ဝိနည်းပထမပိုင်း ရေးဖြေအောင် ဥဘတော ဝိဘင်္ဂကောဝိဒ ၁ဝ ပါး၊ ဝိနည်းပထမပိုင်းအာဂုံအောင် ဥဘတောဝိဘင်္ဂဓရ ၅၁ ပါးတို့အားဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းဆရာတော်  အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တစန္ဒိမာဘိဝံသ  ထံမှ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီးဒေါ်ခင်သက်ဌေးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူ တော်မူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးေဝကြသည်။

အခမ်းအနားအပြီးတွင် အကြိမ် (၇ဝ) ပြည့်တိပိဋကဓရ၊တိပိဋကကောဝိဒ ရွေးချယ် ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင် သူမြတ် များအား ဒုတိယသမ္မတဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးတို့ အမှူးပြုသော အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ် လောင်းလှူကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိတော့မည့် အကြိုကာလကတည်းက နိုင်ငံတော် အနေဖြင့် လွတ်လပ်ရေးရပြီးပါက ဆဋ္ဌသင်္ဂါယနာတင်ရန် အာသီသပြင်းထန် လျက်ရှိရာ ကျန်ထေရဝါဒနိုင်ငံများက သင်္ဂါယနာတင်ရန်မှာ ပိဋကသုံးပုံအာဂုံဆောင်ပုဂ္ဂိုလ်များ ရှိမှသာ သင်္ဂါယနာတင်နိုင်ခွင့်ရှိကြောင်း ဝေဖန်ပြောဆိုချက်ကြောင့် ပိဋကအာဂုံဆောင် ပုဂ္ဂိုလ်များပေါ်ထွန်းစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရကတိပိဋကဓရ၊ တိပိဋက ကောဝိ်ဒ ရွေးချယ်ရေးစာမေးပွဲကြီးကိုနှစ်စဉ်ဒီဇင်ဘာလစတုတ္ထပတ်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူတော်ကြီးအတွင်း၌ ၃၃ ရက်ကြာကျင်းပပေးလျက်ရှိရာ ယခုဆိုလျင် နှစ်(၇ဝ)ပြည့်ရှိပြီဖြစ်သည်။

ယမန်နှစ် (၆၉)ကြိမ်မြောက်စာမေးပွဲတွင် အာဂုံနှင့် သဘောရေးဖြေ နှစ်ရပ်လုံး၌ စာဖြေသံဃာ (၂၉၁)ပါးရှိခဲ့ပြီးယခုနှစ် အကြိမ်(၇ဝ)ပြည့်စာမေးပွဲတွင် စာဖြေသံဃာ (၃ဝ၇)ပါးရှိသဖြင့် စာဖြေသံဃာလျော့သွားခြင်းမရှိဘဲ ပို၍တိုးလာကြောင်း သာသနာ ရေး ဦးစီးဌာနမှ သိရသည်။

ပထမအကြိမ် စတင်ကျင်းပသည်မှ ယခုအချိန်အထိ နှစ်ပေါင်း(၇ဝ) အတွင်း တိပိဋကဓရ၊တိပိဋကကောဝိ်ဒသာသနာ့အာဇာနည်အရှင်မြတ် ၁၄ပါး ပေါ်ထွက် ခဲ့ပြီး လက်ရှိသက်ရှိထင်ရှားတိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာ တော် ၁ဝ ပါးရှိကြောင်း သိရသည်။