ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တွန်းဇံနှင့် ကျီခါးမြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

Printer-friendly versionSend by email

တီးတိန် မေ ၁၈

ချင်းပြည်နယ် တွန်းဇံမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးစိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ မေ ၁၇ ရက်တွင် တွန်းဇံမြို့နှင့် ကျီခါးမြို့နယ်များ အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။

နံနက်ပိုင်းတွင် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် တွန်းဇံမြို့ သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် ဒုတိယသမ္မတက သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အအုံများ ဆောက်လုပ်ရာတွင် အဆောက်အအုံပုံစံအား ဒေသနှင့်ကိုက်ညီပြီး ဒေသခံပြည်သူများ အတွက် ထိရောက်အကျိုးရှိသည့် ပုံစံဖြစ်အောင် ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်အဖွဲ့ဝင်များသည် ကျီခါးမြို့သို့ရောက်ရှိ ရာ ဒေသခံ ပြည်သူများက ရိုးရာဓလေ့အတိုင်း ဂုဏ်ပြုကြိုဆိုကြသည်။

ယင်းနောက် ကျီခါးမြို့ ခဲင်မန်းကျေးရွာသို့ရောက်ရှိရာ ဒေသခံပြည်သူများက ရိုးရာဓလေ့ အတိုင်း ဂုဏ်ပြုကြိုဆိုကြပြီး ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ဒေသဖွံ့ဖြိုးမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရန် လျာထားသည့် နေရာကို ကြည့်ရှုရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က နယ်စပ်ဈေး တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျီခါးမြို့ လမ်းဦးစီးဌာန ရိပ်သာ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်မျိုးထွဋ်က ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ် ချင်းပြည်နယ် လမ်းဦးစီးဌာနမှ ဆောင်ရွက်မည့် လုပ်ငန်းများ၊ ပြည်နယ်၏ တောင်၊ မြောက် အဓိကဆက်သွယ်သည့် လမ်းများအား ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပင်မဘတ်ဂျက် ဖြင့် တီးတိန် - တွန်းဇံ - ကျီခါးလမ်း မိုင် ၃ဝ ၊ ဟားခါး - မတူပီလမ်း မိုင် ၃ဝ နှင့် မတူပီ - ပလက်ဝလမ်း မိုင် ၃ဝ စုစုပေါင်းလမ်းမိုင် ၉ဝ ကို (၁၈)ပေကျယ် ကွန်ကရစ်လမ်းနှင့် (၁၂) ပေ ကျယ် ကတ္တရာလမ်းသစ်များအဖြစ် ဆောင်ရွက်သွားမည့် အစီအစဉ်၊ သဘာဝဘေးဒဏ်ကြောင့် ကလေး - ဖလမ်း တောင်ပြိုလမ်း ပိတ်ဆို့မှုများကို အချိန်ကြာမြင့်စွာ မဖြစ်ပေါ်ရေးအတွက် ဆောင်ရွက်ခဲ့မှုနှင့် ကြိုတင်ကာကွယ်မှုအနေဖြင့် လမ်းတာချဲ့ခြင်း၊ မြေထိန်း/မြေကာနံရံများ တည်ဆောက်ပြီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး ချင်းပြည်နယ်၏ အဓိက ဆက်သွယ်ရေးလမ်းဖြစ်သည့် မော်တော်ကားလမ်းများကို ပြည်သူများအနေဖြင့် ရာသီမရွေး ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယခုထက် ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် ပြည်နယ်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းပြောကြား သည်။

ယင်းနောက် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ကျီခါးမြို့ (၁၆) ခုတင်ဆံ့ တိုက်နယ် ဆေးရုံသို့ ရောက်ရှိပြီး ဆေးဝါးကုသမှု ခံယူနေကြသည့် အမျိုးသား၊ အမျိုးသမီး လူနာများအား တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ကြပြီး ဆေးရုံဆေးပဒေသာပင် အတွက် ငွေကျပ် ၁ဝ သိန်းကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကျီးခါးတိုက်နယ်ဆေးရုံ တိုးချဲ့ဆောင်် တည်ဆောက်မည့် နေရာအား ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် တီးတိန် - ကျီခါးလမ်းအား အမာခံကျောက်ချောလမ်းအဖြစ် အဆင့်မြင့် တင်နေမှုနှင့် နတ်ဇန်ကျေးရွာအနီးရှိ မဏိပူရမြစ်ကူး အရှည်ပေ ၄၅ဝ ရှိ ၂ လွှာထပ် ဘေလီ သံဘောင် နတ်ဇန်တံတား ကြံ့ခိုင်မှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေး သည်။

ထိုသို့ စစ်ဆေးရာတွင် ဒုတိယသမ္မတက လမ်းအရည်အသွေးဆိုင်ရာ စံသတ်မှတ်ချက် များ နှင့်အညီ တည်ဆောက်သွားရန်နှင့် ရေရှည်ကြံ့ခိုင်ကောင်းမွန်ရေးအတွက် အလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် တွန်းဇံမြို့ ၂၅ ခုတင်ဆံ့ မြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာထန်ရှန်းခိုင် နှင့်တာဝန်ရှိသူများက တိုးချဲ့ဆောင် တည်ဆောက်ပြီးစီးမှုနှင့် ပြည်သူများအား ဆေးဝါးစောင့်ရှောက်ပေးနေမှု အခြေ အနေများကို လိုက်လံရှင်းလင်းပြသပြီး ဆေးဝါးကုသမှု ခံယူနေကြသည့် ဒေသခံပြည်သူများ အား အားပေးစကားပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် တွန်းဇံပိုးဇာခြံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ပိုးဇာပင်များ စိုက်ပျိုးထားမှု နှင့် ပိုးမွေးမြူရေးရုံများကို လိုက်လံရှင်းလင်းပြသရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပိုးဇာ ပင် စိုက်ပျိုးခြင်းဖြင့် ဒေသခံမိသားစုဝင်များ၏ ဝင်ငွေကို တိုးတက်စေမည့်အပြင် ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်းကို အစားထိုးလုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပိုးဇာခြံအား စနစ်တကျ အဆင့်မြင့်တင် ဆောင်ရွက်သွားရန်နှင့် သုတေသန တွေ့ရှိချက်များကို ပြည်သူများ သို့ အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးခြင်းဖြင့် ပိုးဇာပင်စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

တွန်းဇံပိုးစာခြံသည် တီးတိန် - တွန်းဇံ ကားလမ်းမကြီးဘေး တွန်းဇံမြို့အဝင် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၄၈ဝဝ တွင်တည်ရှိပြီး ၁၉၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ တွန်းဇံမြို့နယ်သည် ပိုးစာပင်စိုက်ပျိုးရေးနှင့် ပိုးမွှေးမြူရေးလုပ်ငန်းအတွက် ရေ၊ မြေရာသီဥတု နှင့်သင့်လျော်၍ ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိရေးအတွက် အထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ တွန်းဇံမြို့နယ်သည် ၁၉၇၉  - ၁၉၈ဝ ခုနှစ်များတွင် ပိုးအိမ်ပေါင် ရှစ်သောင်းကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတသည် တီးတိန်မြို့ လွယ်ဘွာလ်းရပ်ကွက်ရှိ ကုတင် ၁ဝဝ ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လှည့်လည် ကြည့်ရှု၍ ဆေးဝါးကုသမှု ခံယူနေကြသည့် ဒေသခံပြည်သူများအား အားပေးစကားပြောကြား ကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ်၌ ငွေကျပ် သန်း ၂ဝဝ အကုန်အကျခံ၍ ရှစ်ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုသည်။