ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကလေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများနှင့်ကလေး - တီးတိန် - တွန်းဇံလမ်း ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှု

Printer-friendly versionSend by email

တွန်းဇံ မေ ၁၇

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေလ ၁၆ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ရောက်ရှိကြသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား နယ်မြေခံတပ်ရိပ်သာ၌ ကလေးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်းပေးပြီး သဘာဝဘေး ကြိုတင် ကာကွယ်ရေးအတွက် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို နှစ်အလိုက် ဘတ်ဂျက်တွင် လည်းကောင်း၊ အရေးပေါ်အခြေအနေများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လည်းကောင်း တင်ပြတောင်းခံ အသုံးပြုသွားရမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ အသုံးပြုရာတွင် ပြည်သူများအတွက် အကျိုးရှိထိရောက်အောင် စနစ်တကျစီမံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ကလေးမြို့ ဖောင်ကူးတံတားအနီး နေရဉ္ဇရာ ချောင်းကမ်းထိန်းနံရံ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ကလေးမြို့ ဖောင်ကူးတံတားအနီးတွင် အလျားပေ ၇၂ဝ ရှိ နေရဉ္ဇရာချောင်းကမ်းထိန်းနံရံကို ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၆၄ သန်းဖြင့် ကျောက်စီမြေထိန်း တမံအဖြစ် တည်ဆောက်လျက်ရှိသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကလေး - ကလေးဝကားလမ်း နံဘေးရှိ မြစ်သာမြစ်ကမ်းထိန်းနံရံ တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုသည်။

ကလေး - ကလေးဝကားလမ်း ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းအတွက် အလျားပေ ၅၁ဝဝ ရှိ မြစ်သာမြစ်ကမ်းထိန်းနံရံကို ၂ဝ၁၈ ခုနှစ် ၆ လ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၂ဝဝ ဖြင့် သံခြင်းအခြေပြုကျောက်စီတမံအဖြစ် တည်ဆောက်လျက်ရှိရာ စီမံကိန်းလုပ်ငန်း ၆ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကလေးမြို့ရှိ ပြည်သူ့ဝန်ဆောင်မှုရုံးသို့ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု၍ ဒေသခံပြည်သူများအား တွေ့ဆုံအားပေးသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ့ တို့နှင့်အတူ ချင်းပြည်နယ် တီးတိန်မြို့နယ် ကော်ဖီသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ထေးဇန်)သို့ ရောက်ရှိကြပြီး ခြံအတွင်း ကော်ဖီပင်များ စမ်းသပ်စိုက်ပျိုးနေမှု၊ ပျိုးပင်များ စနစ်တကျ ပျိုးထောင်နေမှုနှင့် ရောင်းတန်းဝင် ကော်ဖီမှုန့်များ ထုတ်လုပ်နေမှု တို့ကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ခြံရှင်းလင်းဆောင်တွင် ကော်ဖီစမ်းသပ်စိုက်ပျိုးခဲ့မှု၊ ကော်ဖီအရည်အသွေး စမ်းသပ်ခဲ့မှု၊ ကော်ဖီမျိုးကောင်းမျိုးသန့်များ ပျိုးထောင်ထားရှိမှု အခြေအနေများကို ခြံတာဝန်ခံ ဦးမင်းလွင်ဦးက ရှင်းလင်းတင်ပြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကမ္ဘာ့ကော်ဖီအရည် အသွေး သတ်မှတ်ချက်(Cupping Score)အရ အဆင့် ၈ဝ နှင့်အထက်ကို အထူးတန်းဝင် ကော်ဖီအဖြစ် သတ်မှတ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြင်ဦးလွင်၊ ရွာငံနှင့် သံတောင်ဒေသတို့ တွင် ဖြစ်ထွန်းသည့် ကော်ဖီမျိုးများမှာ အဆင့် ၈၄ နှင့် ၉ဝ အကြားတွင် ရှိပါကြောင်း၊ ချင်းပြည်နယ်၌ စိုက်ပျိုးဖြစ်ထွန်းသော ကော်ဖီမျိုးမှာ အဆင့် ၉၆ တွင်ရှိ၍ အထူးအရည်အသွေး ကောင်းမွန်ပါကြောင်း၊ အဆိုပါ ကမ္ဘာ့အဆင့်မီ ကော်ဖီမျိုးအား ချင်းပြည်နယ်ရှိ တောင်သူများ အနေဖြင့် စီးပွားဖြစ်တိုးချဲ့စိုက်ပျိုး ထုတ်လုပ်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ ကော်ဖီမျိုးကောင်းအား တိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးမည့်အပြင်နိုင်ငံတော်၏ ပြည်ပပို့ကုန်တန်ဖိုးလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၏ မြေယာ အနေအထားသည် ယခုအချိန်အထိ သဘာဝအတိုင်း အများစုကျန်ရှိနေသေးပါကြောင်း၊ ထို့ကြောင့် ဒေသခံ တောင်သူများအနေဖြင့် ယင်းအခွင့်အရေးကိုရယူပြီး စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းများ အသုံးပြုမှုကင်းမဲ့ဇုန်အဖြစ် ထူထောင်သွားရန်နှင့် ဈေးကွက်ဝင် သြဂဲနစ်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးအောင် စည်းရုံးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ချင်းပြည်နယ်အတွင်း ယခုအချိန်တွင် ကော်ဖီစိုက်ပျိုးဧကမှာ ၅၆ဝ ကျော်ရှိပြီး နှစ်စဉ် ကော်ဖီစိုက်ဧက ၂၂ဝ ထပ်မံ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ရာ ၂ဝ၂၁ ခုနှစ်တွင် စုစုပေါင်းစိုက်ဧက ၁၂၂ဝ ဧကရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် တီးတိန်မြို့နယ်၌ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှာလ်လုမ်းခံတပ်သို့ ရောက်ရှိရာ ဒေသခံပြည်သူများက ရိုးရာဓလေ့အတိုင်း ကြိုဆိုနှုတ်ဆက်ကြပြီး ရှာလ်လုမ်းခံတပ် ရှင်းလင်းဆောင်၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပြည်နယ်မှူး ဒေါ်ငိုင်ဟောက်နြောင်က ခံတပ်၏သမိုင်းကြောင်းနှင့် မူလအတိုင်း ထိန်းသိမ်းထားရှိမှု တို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရှာလ်လုမ်းခံတပ်အတွင်းရှိ အထိမ်း အမှတ်နေရာ၊ စခန်းတည်ဆောက် ဖွဲ့စည်းပုံတို့ကို လှည့်လည်ကြည့်ရှုပြီး ဒေသခံတိုင်းရင်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

ရှာလ်လုမ်းခံတပ်သည် ချင်းပြည်နယ် တီးတိန်မြို့နယ် ဝေါ့လပ်ကျေးရွာအောက်ဘက် ၄ ဖာလုံခန့်ဝေးသော ဝေါ့လပ် - ထုတ်လိုင်လမ်း နံဘေးတွင် တည်ရှိသည်။ အဆိုပါ ရှာလ်လုမ်းခံတပ် တိုက်ပွဲသည် ၁၈၈၉ ခုနှစ် မေလ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ချင်းတိုင်းရင်းသားများအနေဖြင့် နယ်ချဲ့အားရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သဖြင့် နယ်ချဲ့ဘက်မှ စုစုပေါင်း ၃၆ ဦး ကျဆုံးခဲ့ပြီး ချင်းအမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁ဝ ဦး စုစုပေါင်း ၂၈ ဦး ကျဆုံးခဲ့၍ ပြင်းထန်သော တိုက်ပွဲတစ်ခုအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရှိရသည်။

ထို့နောက် ဒုတိယသမ္မတသည် ကလေး - တီးတိန် - တွန်းဇံ လမ်းပေါ်ရှိ မြေထိန်းနံရံများ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် အသစ်တည်ဆောက်နေမှု၊ လမ်းသားတာဘောင်တိုးချဲ့ ဖောက်လုပ်နေမှု တို့ကို လှည့်လည်ကြည့်ရှုပြီး ညနေပိုင်းတွင် တွန်းဇံမြို့သို့ ရောက်ရှိရာ ဒေသခံပြည်သူများက ရိုးရာအကများဖြင့် ကြိုဆိုကြသည်။တွန်းဇံ မေ ၁၇

ထို့နောက် ဒုတိယသမ္မတသည် ကလေး - တီးတိန် - တွန်းဇံ လမ်းပေါ်ရှိ မြေထိန်းနံရံများ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် အသစ်တည်ဆောက်နေမှု၊ လမ်းသားတာဘောင်တိုးချဲ့ ဖောက်လုပ်နေမှု တို့ကို လှည့်လည်ကြည့်ရှုပြီး ညနေပိုင်းတွင် တွန်းဇံမြို့သို့ ရောက်ရှိရာ ဒေသခံပြည်သူများက ရိုးရာအကများဖြင့် ကြိုဆိုကြသည်။