ဒုတိယသမ္မတ ဦးမြင့်ဆွေ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(MSMEs)၏ ဒေသတွင်းထုတ်ကုန်ပစ္စည်း ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

Printer-friendly versionSend by email

ပုသိမ် မေ ၁၂

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) ဒေသတွင်းထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲ (၂၀၁၈ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်  နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေးသည်။

ဖွင့်ပွဲအခမ်းအနားသို့ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များ၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) တတိယ အကြိမ် ဒေသတွင်းထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့် ပြိုင်ပွဲသည် ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင်ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ထုတ်ကုန်များ အရည်အသွေးမြှင့်တင်နိုင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းမြင့် မားလာစေရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

ပထမအကြိမ် ပြပွဲနှင့် ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က မန္တလေးမြို့ တွင် မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ MSME များပူးပေါင်း၍ လည်းကောင်း၊ ဒုတိယအကြိမ် ပြပွဲနှင့် ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် မတ် ၂၄ ရက်က မကွေးမြို့ တွင် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ MSME များ ပူးပေါင်း၍လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း။

တတိယအကြိမ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးတွင် ကျင်းပခြင်းဖြစ်ပြီး ယခု ပြပွဲပြိုင်ပွဲပြီးလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များတွင် ယခုလို MSMEs ထုတ်ကုန်များ ဒေသတွင်းပြပွဲနှင့် Regional Award ပြိုင်ပွဲများကို အလှည့်ကျဖြင့် ဆက်တိုက်ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ဒေသအလိုက် ပြိုင်ပွဲများတွင် ဆုများကို Micro  Small နှင့် Medium စသဖြင့် လုပ်ငန်းအရွယ်အစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ ဆုရရှိသူများကိုလည်း ပြိုင်ပွဲ၏ နောက်ဆုံး ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်က အသိအမှတ်ပြုသည့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် Regional Award ဆု ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း။

စီးပွားရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် ပြုပြင်ပြောင်းလဲလုပ်ကိုင်နိုင် ခြေရှိသောလုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်းတို့အပြင် အလုပ် အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်ဆိုသည့်အချက်များကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒများတွင် ထည့်သွင်းချမှတ်ထားပါကြောင်း၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ SME Agency လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့စသည့် အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး အဆိုပါအဖွဲ့များ၏ လုပ်ငန်းတာဝန်များအရ SME ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတစ်ဝန်း လုံးတွင် ဘက်ပေါင်းစုံက ဟန်ချက်ညီညီ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် ပြန့်နှံ့နေသည့် ၉၉ ရာခိုင်နှုန်းသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင် ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်လည်း SME Agency များ၊ SME ချေးငွေ စိစစ်ရေးကော်မတီများဖွဲ့စည်းပြီး မိမိတို့ဒေသအလိုက် SME လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို Stakeholder အားလုံး ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း။

နိုင်ငံတော်က ယခုလိုပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် ပြည်တွင်းစား သုံးသူများအနေဖြင့် MSME များ၏ထုတ်ကုန်များကို အကဲဖြတ်လေ့လာနိုင်ခြင်း၊ MSME များ၏ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုများကို MSME များအချင်းချင်း သိရှိစေနိုင်ခြင်း၊ အတုယူလေ့လာနိုင်ခြင်း၊ ဆန်းသစ်တီထွင်မှုရှိသည့် စိတ်ကူးကောင်း များဖော်ထုတ်ပြီး မိမိထုတ်လုပ်မှုလုပ်ငန်းစဉ် Supply Chain တစ်လျှောက် ဆက်စပ် ပတ်သက်နေသည့်အခြား MSMEများနှင့် ပေါင်းစပ်လုပ်ကိုင်လာနိုင်ခြင်း၊ ပျောက်ကွယ် လုနီးနီးဖြစ်နေပြီး တိမ်မြုပ်နေသည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ ရိုးရာအစား အသောက်များကို ဖော်ထုတ်အဆင့်မြှင့်တင်နိုင်ခြင်း၊ ဒေသအချင်းချင်းပေါင်းစည်း လုပ်ကိုင်လာနိုင်ခြင်း၊ ဒေသတစ်ခု၏လိုအပ်ချက်ကို အခြားဒေသ အားသာချက်များ မှထုတ်ယူသုံးစွဲနိုင်ခြင်း၊ ပေါင်းစည်းဆောင်ရွက်မှုများမှ International အဆင့် တက်လှမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိကြမည်ဖြစ်ပါကြောင်း။

ထို့ပြင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏အစည်းအဝေးများကိုလည်း ယခုလို ပြပွဲပြိုင်ပွဲကာလအတွင်း ကျင်းပပြုလုပ် လျက်ရှိရာမှာ သက်ဆိုင်ရာတိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ ကူညီထောက်ပံ့ ဆောင်ရွက်နိုင်ရန် Stakeholder များနှင့် MSME လုပ်ငန်းရှင်များအားလုံး ပေါင်းစပ်ညှိ နှိုင်းဆွေးနွေး ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း။

SME လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းပစ္စည်းများကို နည်းပညာအခြေခံပြီး အရည်အသွေးမီ တန်ဖိုးမြှင့်ထုတ်လုပ်မှု (Value Added) လုပ်ငန်းများ၊ အခြေခံထုတ် လုပ်မှုနည်းစဉ်သုံး (Root Industries) လုပ်ငန်းများ၊ နိုင်ငံတကာအဆင့်မီ ထုပ်ပိုးမှု လုပ်ငန်းများနှင့် ထုပ်ပိုးမှုပုံစံ (Packing Design)များ ကောင်းမွန်စေရန် ကြိုးစားဆောင် ရွက်သွားကြစေလိုပါကြောင်း၊ ထို့ပြင် ထုတ်ကုန်များ အရည်အသွေးကောင်းမွန်စေရန်၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရန်တို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ပြီးသုတေသနပြုလုပ်ခြင်း၊ ဆန်းသစ်တီထွင်ထုတ်လုပ်ခြင်းနှင့် အရောင်းမြှင့် ရေးအစီအစဉ်များ ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်သစ်ဖော်ထုတ်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာဌာနများကလည်း အားပေးကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရက ချမှတ် ထားသည့် မူဝါဒများနှင့်အညီ မိမိတို့၏ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာရာမှတစ်ဆင့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝတိုးတက်မြင့်မားလာစေရန်နှင့် ပြည်တွင်းဈေးကွက်ချဲ့ထွင်နိုင်ခြင်းမှတစ်ဆင့် ပို့ကုန်ဦးစားပေးထုတ် ကုန်များ ထုတ်လုပ်လာနိုင်ရန် ရည်မှန်းချက်ထားရှိပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ဆက်လက်၍ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီဝင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် က တိုင်းဒေသကြီး အတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ(MSMEs) တတိယအကြိမ် ဒေသတွင်းထုတ်ကုန် ပစ္စည်းပြပွဲနှင့်ပြိုင်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။

ယင်းနောက် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) တတိယ အကြိမ် ဒေသတွင်းထုတ်ကုန်ပစ္စည်းပြပွဲနှင့်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ကုမ္ပဏီများက လှူဒါန်းသည့်အလှူငွေများကို လက်ခံကြပြီး အလှူရှင်များထံ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် လုပ်ငန်းသုံး သပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ကျော်တို့က အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSMEs) ဒေသတွင်းထုတ်ကုန် ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲ မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်းပြခန်းများအား လှည့် လည် ကြည့်ရှုလေ့လာကြသည်။

တတိယအကြိမ် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဒေသတွင်းထုတ်ကုန်ပစ္စည်းပြပွဲနှင့်ပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာနတို့ပူးပေါင်း၍  ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ် သည်။

ယခုပြပွဲပြိုင်ပွဲတွင် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် ၈၆ ဦးက ပြခန်းပေါင်း ၁၆၁ ခန်းဖွင့်လှစ်ပြီး ဒေသထုတ်ကုန်ပစ္စည်းများအပါအဝင် ရိုးရာ အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ စက်မှု၊ လက်မှု ပစ္စည်းများ၊ လျှပ်စစ်နှင့် အိုင်တီနည်းပညာသုံးပစ္စည်းများကို ခင်းကျင်း ပြသရောင်းချ ပေးလျက်ရှိသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့ အမှတ်  ရပ်ကွက် ကုန်သည်လမ်းနှင့် ဥမ္မာဒန္တီလမ်းထောင့်ရှိ အသေးစားနှင့် အလတ် စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) ပုသိမ်ဘဏ်ခွဲ၌ ကျင်းပသည့် SME Center ဖွင့်လှစ်ခြင်းနှင့် စိုက်ပျိုးရေးချေးငွေထုတ်ချေးခြင်းအခမ်းအနားသို့တက် ရောက်ပြီး SME Center ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် ပုသိမ်-ငွေဆောင်လမ်း မိုင်တိုင် အမှတ် ၁၇မိုင်ရှိ သစ်တောဦးစီးဌာန၏ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင် ရေးစီမံကိန်းသို့ရောက်ရှိပြီး ပျဉ်းကတိုးစိုက်ခင်း ဧက ၃၅၀ စိုက်ပျိုးရန်ဆောင်ရွက် ထားရှိမှုနှင့် ပျိုးဥယျာဉ်အတွင်း ပျိုးပင်များစိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုလေ့လာရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် က လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ပုသိမ်-ငွေဆောင်လမ်း မိုင်တိုင်အမှတ် ၁၉ မိုင်ရှိ ငွေဆောင်အပန်းဖြေဆင်စခန်းသို့ရောက်ရှိရာ မြန်မာ့သစ် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ငွေဆောင်ဆင်စခန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတက ဧရာဝတီတိုင်းဒသကြီးနှင့် ရခိုင်ပြည်နယ်တို့သည် တောဆင်ရိုင်းများကျက်စားနေထိုင်ရာ သစ်တောကြိုးဝိုင်းများ ပေါများစွာရှိသဖြင့် တော ဆင်ရိုင်းများ အများဆုံးကျက်စားနေထိုင်သည့် ဒေသများဖြစ်ပါကြောင်း၊ တောဆင်ရိုင်း များကို စနစ်တကျထိန်းသိမ်းရန်နှင့် တောဆင်ရိုင်းများကို ဆင်မုဆိုးများ၏ သတ်ဖြတ်မှု မှကာကွယ်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဆင်များကိုအစာကျွေးပြီး အပန်းဖြေစခန်း၌ ရတနာတန်းဝင် ကျွန်းပင်ကို အမှတ်တရစိုက်ပျိုးပေးသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ငွေဆောင်ကမ်းခြေ Aureum Palace Hotel  ကျင်းပသည့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု အခြေအနေနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် က ဧရာဝတီတိုင်း ဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်က ပင်လယ်ကမ်းရိုးတန်း သယံဇာတထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်းပြီး နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ပင်လယ်ကန်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့ပြီး ဂေဟစနစ်များ မပျက်အောင်၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာစောင့်ထိန်းရန်လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာ သည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများသည် ပင်လယ်ကမ်းရိုးတန်းရှိသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာအစိုးရများနှင့် ညှိနှိုင်းလျက် ရေရှည်ဖွံ့ဖြိုးတိုး တက်မှုရရှိအောင် သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။

၎င်းနောက် ဒုတိယသမ္မတသည် ငွေဆောင်ကမ်းခြေ သာယာလှပရန်ဆောင် ရွက်ထားမှုများကို ကြည့်ရှုခဲ့သည်။