နိုင်ငံတော်သမ္မတဦးဝင်းမြင့် (၃၂)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် စင်ကာပူနိုင်ငံသို့ထွက်ခွာ

Printer-friendly versionSend by email

 

နိုင်ငံတော်သမ္မတဦးဝင်းမြင့် (၃၂)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် စင်ကာပူနိုင်ငံသို့ထွက်ခွာ

 

 

နေပြည်တော် ဧပြီ ၂၆

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် စင်ကာပူနိုင်ငံ၌ကျင်းပမည့် (၃၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့နံနက် ၁၁နာရီ မိနစ်၄၀ တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာ ကြသည်။

 

 

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ သံအမတ်ကြီး H.E.Ms. Vanessa Chan နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

 

နိုင်ငံတော်သမ္မတနှင့်အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

 

 

နိုင်ငံတော်သမ္မတသည် (၃၂)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ အခြားအာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ ပါဝင်တက်ရောက်သွားမည်ဖြစ် သည်။