နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း

အမည်

 

          ဦးဝင်းမြင့်

မွေးသက္ကရာဇ်

 

၈-၁၁-၁၉၅၁

လူမျိုး၊ ဘာသာ

 

ဗမာ၊ ဗုဒ္ဓ

ယခင်အလုပ်အကိုင်

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

ပညာအရည်အချင်း   

 

B. Sc (Geology), H.G.P,R.L

ရွေးကောက်ခံရသည့်လွှတ်တော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်

ပါတီအမည်   

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

အဖအမည်    

 

ဦးထွန်းကြင်

လွှတ်တော်အမတ်အဖြစ် စတင်ထမ်းဆောင်သည့်နေ့ရက်

 

၁.၁.၂၀၁၆

လိပ်စာ         

 

အမှတ်(၃၄/၆ လွှာ)၊ မဂ္ဂင်လမ်း၊

ကျားကွက်သစ်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

ကိုယ်ရေးအကျဉ်း     

 

ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာ မူလတန်းကျောင်း၊ ဓနုဖြူမြို့ အထက်တန်းကျောင်း၊ ပုသိမ်မြို့ အမှတ်(၆) အထက်တန်းကျောင်းတို့တွင် အခြေခံပညာသင်ယူခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌ ဆက်လက်ပညာ သင်ယူ ခဲ့ရာ B. Sc ဘွဲ့ကို ရရှိခဲ့ပါသည်။ ထို့အပြင် H.G.P,R.L များကို ထပ်မံရရှိခဲ့ပါသည်။ အမှတ်-ခ/၇၊ ကုသိနာရုံ ရပ်ကွက်၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် အမှတ်-၁၄၊ မဟာဗန္ဓုလလမ်း၊ (၉) ရပ်ကွက်၊ ဓနုဖြူမြို့၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော် ရှေ့နေတာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွင် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တို့အဖြစ် ဆောင်ရွက်ခဲ့ပါသည်။